ကျွန်တော်တို့ ဘာလိုလိုနဲ့ ရုပ်ရှင်ရုံရှိရာသို့ ရောက်လာခဲ့တယ်။
သူမကတော့ အစားတစ်လိုင်း...
ရုပ်ရှင်လက်မှတ်တောင်မဝယ်ရသေး ပေါက်ပေါက်ဆုပ်ဗူးကြီးတစ်ဗူးနှင့်
ကိုလာဗူးကြီးတို့ကို
သူမလက်ထဲတွင် ပွေ့ပိုက်ထားလျက်။အရေးထဲ အာလူးကြော်ထုပ်ကပါလိုက်သေး။ 😑
နောက်တစ်ထုပ်ထပ်ဝယ်မည်လုပ်ရာ
ကျွန်တော့်မှာ သူအဆီတွေ ပိတ်ကုန်မှာစိုး၍ မနည်းတားခဲ့ရသည်။စေတနာနှင့် တားပြန်သည်က
ို ရှေ့သို့ တစ်တောင်လောက် ဆူထွက်လာသည်က
သူမ၏ နှုတ်ခမ်းတစ်စုံ...ထို နှုတ်ခမ်းတစ်စုံသည်
ကျွန်တော့်အား ရှိုက်နမ်းချင်စိတ်များ တဖွားဖွားပေါ်လာလောက်အောင်ပင် ချစ်စရာကောင်းလှသည်...စိတ်ထိန်းစမ်းနော်...စိတ်ထိန်း
ကျွန်တော် သူမနှင့် အတူ ရုပ်ရှင်ပြရာခန်းမတွင်းသို့ ဝင်လာခဲ့သည်။
သရဲကားတောင်မစသေး
တစ်ရုံလုံးကို ကြော်ငြာသံနှင်အတူ
သူမရဲ့ အသံနက်ကြီးက လွှမ်းခြုံသွားပါလေရဲ့ 😒 ရှက်လိုက်တာနော် 😒ရုပ်ရှင်က ပြတာကားလယ်လောက်ရောက်တော့မယ်
သရဲက အခုထိ အရိပ်အယောင်တောင်မမြင်ရသေး။ 😪သူမရဲ့ စာရေရိက္ခါတွေတောင် ပြောင်နေပြီ။
ဟူး...
ငါလေစိတ်တွေ မမောဘူးသိလား...ကျွန်တော် မှားများရွေးခဲ့မိလေသလား...
စဉ်းစားနေဆဲမှာပင်
ရုပ်ရှင်ထဲမှ ဝုန်းဟူသော အသံနှင့်အတူ ကျွန်တော့်ရင်ခွင်ထဲသို့ ကွက်တိ ပြေးဝင်လာသောသူမ...ပတုံးရောင် ဆံနွယ်တွေ ဝဲကျနေသော မျက်နှာထက်တွင် တင်းကျပ်စွာ ပိတ်ထားသော
သူမ၏ မျက်ဝန်းတစ်စုံ...ပန်းနုရောင် သွေးကြောမျှင်လေးများ
ယှက်သန်းရာ သူမရဲ့ ပါးပြင်မို့မို့လေး...စတော်ဘယ်ရီရောင် နှုတ်ခမ်းနီကို
လိမ်းခြယ်ထားသော
သူမရဲ့ နှုတ်ခမ်းလေးများကို
ကျွန်တော်ပိုင်ဆိုင်ချင်ခဲ့မိတယ်...
VOCÊ ESTÁ LENDO
Memories (completed)
Romanceလောကကြီးရဲ့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်တဲ့ ကောင်လေးတစ်ယောက် ကံကြမ္မာရဲ့ ကြိုးဆွဲရာကိုကရင်းက မှောင်မိုက်တဲ့နေရာတွေနဲ့အတူ အလင်းတန်းတွေနက်ပြည့်နှက်နေတဲ့ နေရာကိုလည်း ဖြတ်သန်းခဲ့ရတယ်.........သူကတော့ နာကြည်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ jackson ပထမဆုံးရေးတာဖြစ်တဲ့အတွ...