ကျွန်တော်တို့ မြက်ခင်းစိမ်းစိမ်းပေါ်ကို
ဖြတ်လျှောက်ခဲ့ကြတယ်။အရင်တုန်းက
မိသားစုတွေနဲ့
ပျော်ပျော်ရွှင်နေခဲ့ရတဲ့ အိမ်ကလေး...ကျွန်တော့်ရဲ့ အပျော်ရွှင်ရဆုံး
မှတ်ဥာဏ်တွေကို သိမ်းဆည်းထားတဲ့
တစ်ခုတည်းသောနေရာ...************************************
"ရေဘဝဲကြီးလာပြီနော်။
ရေဘဝဲကြီးလာနေပြီ။"*ရယ်သံများ* *ရယ်သံများ*
"မိပြီကွ။
သက်တံ့လေးကို ရေဘဝဲကြီးက စားပစ်တော့မယ်။""ဟွန့်...
မတရားတာတွေ...
ကိုကို ဂျက်ရဲ့ ခြေလှမ်းကြီးတွေကိုက ကျဲနေတာ။
အငယ်ကို နည်းနည်း အလျှော့ပေးမှပေါ့။
အဲ့ခြေထောက်တွေကို ဖြတ်ထားလိုက်ချင်တာ။""ဟုတ်ကဲ့ပါဗျ။
နောက်ကျရင် သက်တံ့လေးကို အလျှော့ပေးပါ့မယ်။""အပြစ်ပေးရမယ်။"
"ပေးပါ...
မင်းသမီးလေးပေးတဲ့ အပြစ်ကို
ကျွန်တော် ခံယူဖို့ အဆင်သင့်ပါပဲ။""အာဘွားပေး..."
"အော်...ဒါလား...
အခါတစ်ထောင်လောက်ပေးပလိုက်ချင်တာ
ချစ်ဖို့ကောင်းလွန်းလို့။"*ခစ်ခစ်ခစ်ခစ်*
"ကိုကိုဂျက်...
မီးဘေးမှာ အမြဲရှိပေးမှာမှတ်လား။
ဖေဖေနဲ့ မေမေလို အရင်မထားသွားဘူးမှတ်လား။""အင်းပေါ့...
ပြီးတော့ သက်တံ့မှာ
သက်တံ့ ဖေဖေရဲ့
သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးရှိတယ်။
ကိုကိုရယ် ကိုကို့ရဲ့ဖေဖေနဲ့ မေမေလည်း အမြဲရှိနေမှာ။""သက်တံ့ကို ချစ်လား။"
"ချစ်တာပေါ့။
သက်တံ့က ကိုကို့ရဲ့ ညီမလေးပဲဟာ။""ဟွန့်...
ညီမလေးလိုမရဘူး...
အားလုံးထက်ချစ်မှရမှာ။""ကလေးတို့...
မေမေမုန့်လုပ်လာတယ်။""ယို့ယို့...ချောကလတ်ကွ။"
************************************
စကားသံများ...
အမှတ်တရများ...
ကျွန်တော့်ခေါင်းထဲမှာ ရှုပ်ထွေးနေတယ်။
မှတ်ဥာဏ်တွေထဲက ပျော်ရွှင်မှုများက ကျွန်တော့်ကို ရစ်နှောင်နေတယ်။

ESTÁS LEYENDO
Memories (completed)
Romanceလောကကြီးရဲ့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်တဲ့ ကောင်လေးတစ်ယောက် ကံကြမ္မာရဲ့ ကြိုးဆွဲရာကိုကရင်းက မှောင်မိုက်တဲ့နေရာတွေနဲ့အတူ အလင်းတန်းတွေနက်ပြည့်နှက်နေတဲ့ နေရာကိုလည်း ဖြတ်သန်းခဲ့ရတယ်.........သူကတော့ နာကြည်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ jackson ပထမဆုံးရေးတာဖြစ်တဲ့အတွ...