အပိုင်း(၂)

8.6K 458 9
                                    

" မိုးစက်ပုံပြင် " .. အပိုင်း(၂) ...

••••••••••••••••••••°••••••••••••••••••••°



မေလင်း ဆိုတာက စည်သူ ဆယ်တန်းထဲက နှစ်သက်ခဲ့တဲ့ကောင်မလေးလေ.. ။ သူမရဲ့ ဝတ်စားနေထိုင်ပုံ ခေတ်ဆန်လွန်းတာကြောင့် အထက်တန်းထဲက နံမည်ကြီးခဲ့လေသည်။ ဇယားရှုပ်လိုက်တာလည်း လွန်ရော။ ဒါပေမယ့်လည်း ဘယ်သူ့ကိုမှ အတည်တွဲတာလည်း မတွေ့ရ..။
ဒါကိုပဲ စည်သူက အရာရာ ဂရုမစိုက်စွာနဲ့ တန်းတန်းစွဲဖြစ်နေခဲ့တာ အခုအချိန်ထိပင်..။
သူမရဲ့ ရဲတင်းပွင့်လင်းမှုတွေကို စည်သူက ရှိန်ကာ သူမကို ဖွင့်မပြောရဲခဲ့တာ ဖြစ်သည်။ တက္ကသိုလ်ရောက်မှ ဖွင့်ပြောမယ်ဟု ကြံရွယ်ခဲ့လျှက် သူမနဲ့ တက္ကသိုလ် တူအောင်လျှောက်ခဲ့ခြင်းဖြစ်သည်။
အခုတော့ သူဖွင့်မပြောရက်ခဲ့သော မေလင်းသည်
ဟို King ကောင်ကို စိတ်ဝင်စားနေပြီ.. ။
မေလင်းရဲ့ ပွင့်လင်းပုံ၊ ဟိုကောင်ရဲ့နံမည်ကြီး၊ လူစိတ်ဝင်စားမှုများနေပုံနဲ့ဆိုလျှင် မကြာခင်နှစ်ယောက် ငြိသွားနိုင်သည်ဟု သူထင်သည်။ ထို့ကြောင့် မေလင်းကို ဒီနေ့ပင်စာပေးရန် သူဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။

သူ မေလင်းအကြောင်း စဉ်းစားနေတုန်းမှာပဲ မေလင်းနဲ့ သူ့သူငယ်ချင်းတွေ ကန်တင်းထဲ ဝင်လာလေသည်။
လန်းလိုက်တာ မေလင်းရယ်၊ ဖြူဝင်းသော အသားအရေလေးနဲ့ လိုက်ဖက်စွာ..
အီမိုဆံပင် အောက်ရှုးလေးအောက်က မျက်လုံးအနက်လေးတွေနဲ့ ဆွဲဆောင်နေလိုက်တာ..။
မေလင်း သူ့ထိုင်ခုံနား ဖြတ်သွားချိန်မှာပဲ သူ့စာကို မေလင်းကိုင်လာတဲ့ခြင်းတောင်းထဲ ပြစ်ထည့်လိုက်ပါတယ်။ မသိအောင်ထည့်လိုက်တာပါ။ ဒါပေမယ့် မေလင်းက ချက်ချင်းသိသွားတယ်။

"စာ.... နင်ငါ့ကိုပေးတာလား?"

"ဟုတ်ပါတယ် မေ.. မေလင်း"

သူလန့်နေတာကို ကြည့်ပြီး မေလင်းက ချစ်စရာကောင်းအောင် ခစ်ကနဲ ရယ်ပါတယ်။
သူ့ဘေးက သူငယ်ချင်းကောင်မလေးတစ်ယောက်က မေလင်းနားကပ်ပြီး 'နင့်ကို မေမေလင်းတဲ့ ဟီးဟီး' လို့ပြောပြီးရယ်ပါတယ်။
သူ မနေတတ်လောက်အောင် ရှက်နေမိပါတယ်။

"ဟိတ် ခေါင်းကြီး ငုံမထားနဲ့ဦး တို့ကို ကြည့်ပါဦး"

သူ စိတ်လှုပ်ရှားစွာနဲ့ မေလင်းကို ကြည့်မိပါတယ်။ မေလင်းက သူ့ကိုမျက်လုံးစူးစူးတွေနဲ့ စိုက်ကြည့်ရင်း

" မိုးစက်ပုံပြင် "Where stories live. Discover now