အပိုင်း(၂၄)

4.8K 214 0
                                    

  “ မိုးစက်ပုံပြင် ”                 .. အပိုင်း(၂၄) ...

••••••••••••••••••••°••••••••••••••••••••°•••••



          “မိုးစက်…. ချစ်လေး ထတော့ ကျောင်းသွားမယ်လေ….”

          စည်သူက မိုးစက်ပါးကို တဖွဖွနမ်းရင်း နှိုးနေခြင်းဖြစ်သည်။ မိုးစက်က မျက်လုံးပင်မဖွင့်နိုင်ပဲ ‘အင်း အင်း’ ဟုသာ ပြောလျှက် မထပဲ အိပ်နေသည်။
စည်သူက မိုးစက် နှာခေါင်းဝလေးကို နမ်းလိုက်တော့ မိုးစက်က မျက်စိမှိတလျက်ပင် နှာခေါင်းကိုရှုံ့၊ နှုတ်ခမ်းကိုစူလျှက်၊ ခြေထောက်လေးတွေကိုကွေးကာ ဘေးဘက်ကိုစောင်းအိပ်လိုက်သည်။
မိုးစက်၏ ကလေးဆန်ပြီး ချစ်စရာကောင်းသော ထိုအပြုအမူလေးကို စည်သူ အရမ်းပင် အသည်းယားသွားပါသည်။

          “မိုးစက်.. ကျောင်းသွားရအောင်နော်၊ ထ.. ထ.. လိမ္မာတယ်။ ကျောင်းမတက်တာတွေက များနေပြီလေ….”

          “……………………..”

          “မိုး…. စက်…. လေး…..”

          “အင်း… အင်းပါ ထပါပြီ….”

          စည်သူက မိုးစက်နား အနားကိုကပ်ပြီး တစ်လုံးချင်းစီ အသံခပ်မျှဉ်းမျှဉ်းနဲ့ ပြောလိုက်မှ မိုးစက်က အလူးအလဲထလာသည်။ စည်သူက သူမိုးစက်ကို ရအောင်နှိုးလိုက်နိုင်သည့် အတွက် တဟားဟားနှင့် ရယ်ကာ သဘောကျနေသည်။

          “အဝတ်အစားလဲ ကျောင်းကိုတန်းသွားတော့မယ်….”

          “ဟင့်အင်း….”
          မိုးစက်က နှုတ်ခမ်းလေးကို စူထားပြီး ပြန်ပြောသည်။

          “ဘာလို့လည်း မိုးစက်ရ….”

          “ငါ.. ငါလေ.. ဟို.. အရမ်းနာနေတယ်…. စပ်နေတယ် စည်သူရ…. ငါလမ်းလျှောက်ဖို့ အဆင်မပြေလောက်ဘူးထင်တယ်….”

          မိုးစက်က ပြောပြီးတော့ ရှက်သွားပြီး စည်သူ့ရင်ခွင်ထဲ ခေါင်းကို တိုးကာ ဝပ်နေလိုက်သည်။ စည်သူက မိုးစက်ကိုဖက်ထားလိုက်ပြီး မိုးစက်ကျောပြင်လေးကို လက်ဖြင့်သပ်၍….
          “ မိုးစက်ရယ်….”

          “စည်သူသွားလေနော်​.. မိုးစက်လည်း နေ့လည်စောင်းရောက်ရင် သွားစရာလေးလည်းရှိသေးတယ်လေ။ ဒီနေ့တော့ ကျောင်းတက်ဖြစ်မယ်မထင်ဘူး….”

" မိုးစက်ပုံပြင် "Where stories live. Discover now