အပိုင်း(၁၄)

5.4K 348 0
                                    

  “ မိုးစက်ပုံပြင် ”                 .. အပိုင်း(၁၄) ...

••••••••••••••••••••°••••••••••••••••••••°•••



          နောက်တစ်နေ့ စည်သူကျောင်းမတက်နိုင်ပါ….။ လူကနေကောင်းသော်လည်း စိတ်က အရမ်းကို ပင်ပန်းလွန်းနေ၍ ကျောင်းကို သွားဖို့ပင်…. အားမရှိ….။
ပြီးတော့ ကျောင်းရောက်လျှင် မေလင်းနှင့် ရင်ဆိုင်ရဦးမည်။ နှစ်ဦးသား လမ်းခွဲဖို့အတွက် မေလင်းက ရက်စက်စွာတောင်းဆိုတော့မည်….။
သူဒါကို ကြိုသိ၍၊ သူ့ကိုယ်သူ မခံစားနိုင်မှန်းသိ၍ မေလင်းကို ဒီတစ်လောအတွင်း ရှောင်နေမည်ဟု ဆုံးဖြတ်ထားသည်။ သို့သော် သူ့ဆန္ဒ မပြည့်ဝခဲ့….

          “သားရေ.. သားကောင်မလေးရောက်နေတယ်….”

          အိမ်ရှေ့မှ လှမ်းခေါ်လိုက်သော အမေ၏ အော်သံကြောင့် စည်သူရင်ထဲဆို့ကာ မောသွားမိသည်။ အင်းလေ.. ငါတစ်နေ့ ရင်ဆိုင်ရမှာပဲ..။ ငါရင်ဆိုင်လိုက်ပါ့မယ်….
          မေလင်းကတော့ ဟန်ဆောင်ကောင်းသည့် သူမအကျင့်အတိုင်း အမေ့ရှေ့မှာတော့ ချိုမြိန်သော မျက်နှာပေးလေးနှင့် အဝတ်အစားလဲပြီး ထွက်လာသော စည်သူ့ကို တပြုံးပြုံးနှင့်ကြည့်နေသည်။

          “မောင်…. မေလေ.. အစာအိမ်က တစ်မျိုးပဲ။ အောင့်ချင်နေတယ်.. အဲဒါ.. ဆေးခန်းသွားပြမလို့ မောင့်ကို လာခေါ်တာ….”

          အော်.. မေရယ် ငါ့ကို အပြင်ခေါ်ထုတ်သွားချင်လို့ ပြောနေတာ ငါသိပါတယ်။
အဲဒီ့စကားကလေ.. ငါပြောရမှာ..။ ငါရင်ဘတ်တွေ အခုအောင့်နေတယ်.. အဲဒါ မင်းလေးသိရဲ့လား….

          “ဟယ်.. သမီးလေး နေမကောင်းဖြစ်နေတာပဲ.. သားကလဲ ဂရုတစိုက် မရှိလိုက်တာ.. သွားသွား.. သမီးလေးကို ဆေးခန်းလိုက်ပို့လိုက်၊ ရော့ ဒီမှာ အမေ့ဆီက ပိုက်ဆံယူသွား”

          “ရပါတယ် အန်တီရဲ့ သမီးမှာပါပါတယ်.. သမီးက စည်သူ့ကိုပဲ အဖော်ခေါ်ရုံသက်သက်လာခဲ့တာပါ”

          “အော်.. ဘယ်ဟုတ်ပါ့မလဲသမီးရယ်.. ရော့သား.. သွားမြန်မြန်သွားပြလိုက်”

          အမေကတော့ စိုးရိမ်ကြီးတတ်သူပီပီ မေလင်းအတွက် အတော်ပင်စိုးရိမ်နေလေသည်။

" မိုးစက်ပုံပြင် "Where stories live. Discover now