“ မိုးစက်ပုံပြင် ” .. အပိုင်း(၂၁) ...
••••••••••••••••••••°••••••••••••••••••••°•••••
“ငါတို့လက်ထပ်ရအောင်… မဖြစ်နိုင်ဘူးဆိုပေမယ့် လက်ထပ်ရအောင် မိုးစက်ရယ်….”မိုးစက်သည် စည်သူ့အပြောလေးတွင် အတော်ကြည်နူးသွားသဖြင့် ဟန်မဆောင်နိုင်ပဲ နှစ်ခြိုက်စွာပြုံးလိုက်မိလေသည်။
“အင်း လက်ထပ်ကြမယ်လေ..။ ငါတို့လက်ထပ်ပြီး ထာဝရ တူတူနေကြတာပေါ့ စည်သူရယ်”
“မိုးစက်.. မိုးစက် တကယ်ပြောတာလားဟင်….။ ဒါဆို ဒီတစ်ပါတ်အတွင်း လက်ထပ်ကြတာပေါ့..”
“နေဦးစည်သူရ..။ မိုးစက်နဲ့ စည်သူရဲ့ဇာတ်လမ်းကို ဖြိုးကို အရင်ဖွင့်ပြောပြီးမှ လက်ထပ်ချင်တယ်..။ တရားဝင်လက်ထပ်တာ မဟုတ်ပေမယ့်…. ငါတို့နှစ်ယောက်ကို နားလည်ပေးမယ့် လူတစ်ယောက်ကိုတော့ သက်သေအနေနဲ့ ရှိချင်တယ်လေ..။ စည်သူ…. ဖြိုးကိုဖွင့်ပြောပြီးတာနဲ့ မိုးစက်တို့ရဲ့လက်ထပ်စာချုပ်ကို ကိုယ်တိုင် အလှပဆုံးဖြစ်အောင် Design ထုတ်မယ်လေ..။ စာချုပ်ထဲက စာသားတွေကိုလည်း သူများနဲ့မတူအောင် ကဗျာအဆန်ဆုံးရေးမယ်….။ လက်ထပ်လက်စွပ်ကိုတော့ အလှူလုပ်ဖို့ ငွေကျန်အောင် သိပ်ဇာမချဲ့တော့ပဲ ဈေးအသင့်တင့်ထဲက ခပ်လှလှလေးရွေးရမယ်..။ Platinum ကွင်းရှင်းရှင်းလေးပေါ်မှာပဲ စိန်တစ်ပွင့်ပဲဖြစ်ဖြစ်၊ မဟူရာကျောက်တစ်ပွင့်ပဲဖြစ်ဖြစ်ပေါ့…”
“မိုးစက်ရယ်.. စဉ်းစားတတ်လိုက်တာ..။ မိုးစက်ပြောတာကို ကြားရတာနဲ့တင် အတော်ပျော်စရာကောင်းပြီး ရင်ခုန်နေပြီ..။ အခုပဲပြေးပြီးလက်ထပ်လိုက်ချင်တော့တယ်….”
“ဒါတောင် ငါပြောတာ မပြီးသေးဘူးနော်….။ ငါတို့နှစ်ယောက် လက်ထပ်တဲ့နေ့.. တန်ခိုးကြီးဘုရားတွေသွားပြီး ရွှေသင်္ကန်းလှူကြမယ်..။ နောက်နောင်ဘဝတွေထိ ယခုကဲ့သို့ ချစ်ခင်မှုနှင့် မခွဲအတူ ဆုံရပါစေဆုတောင်းကြမယ်လေ။ ဘုရားကပြန်လာရင် ဖြိုးကို သက်သေထားပြီးလက်မှတ်ထိုးမယ်….။ လက်စွပ်လဲမယ်။ နေ့လည်ကျတော့ မိဘမဲ့ဂေဟာနဲ့ ဘိုးဘွားရိပ်သာတွေမှာ.. နေ့လည်စာသွားကျွေးကြမယ်လေ..။
ညပိုင်းကျတော့မှ မင်းရယ် ငါရယ် ဖြိုးရယ်.. စားသောက်ဆိုင်တစ်ခုခုမှာပဲဖြစ်ဖြစ်၊ Hotel တစ်ခုခုမှာပဲဖြစ်ဖြစ် dinner စားကြတာပေါ့..။
Dinner စားပြီးရင် အဲနေ့ အိမ်ပြန်မအိပ်ဘူး….။ Hotelမှာစားဖြစ်ရင် အဲဒီ့ Hotel မှာပဲဆက်တည်းပြီး မအိပ်ခင်တူတူရေချိုးမယ်…။ တူတူ karaoke ဆိုမယ်။ ကိတ်မုန့်တစ်လုံးမှာပြီး နှစ်ယောက်ထဲခွဲကြမယ်….။ ဝိုင်သောက်ကြမယ်လေ..။ အားလုံးပြီးသွားတော့မှ………….”
![](https://img.wattpad.com/cover/133317530-288-k431101.jpg)
YOU ARE READING
" မိုးစက်ပုံပြင် "
Romance" မိုးစက်ပုံပြင် " မိုးဖွဲတွေကြား ငါတွေ့ခဲ့ဖူးတဲ့ အချစ်တစ်ခု မိုးရွာတိုင်း ငါပြန်ရှာဖွေနေဆဲ ဒါပေမယ့်.... မတွေ့ခဲ့....။ မိုးရေတွေရဲ့အကြား နက်ရှိုင်းတဲ့အချစ်တစ်ခုနဲ့အတူ ချစ်သူတစ်ယောက်ကို ရိုးရှင်းစွာရရှိခဲ့....။ တစ်ဖွဲဖွဲရွာနေတဲ့ မိုး...