“ မိုးစက်ပုံပြင် ” .. အပိုင်း(၉) ...
••••••••••••••••••••°••••••••••••••••••••°
နောက်နေ့လဲ မိုးစက် အဖျား မသက်သာပါ။ စဖျားသည့် ညပိုင်းတုန်းက အဖျားကျသလိုရှိလို့ ဆေးမသောက်ပဲနေလိုက်မိတာကြောင့်လဲပါသည်။
မိုးစက်ဖျားသည့်အချိန်တိုင်း အမြဲဝမ်းနည်းစိတ်က ဝင်လာတတ်သည်။ သူများတကာတွေလို အဖေ အမေ အပြည့်အစုံမနေလာခဲ့ရတော့.. မိုးစက်တစ်ခုခုဖြစ်လျှင် အားငယ်တတ်တာ အကျင့်တစ်ခုလိုဖြစ်နေခဲ့သည်။ ပြောရရင် မိုးစက်က နှလုံးအားနည်းတာလည်း ပါသည်။မိုးစက် ဆိုဖာပေါ်မှာလှဲရင်း ပြတင်းပေါက်မှ အပြင်ကို ငေးကာ မျက်ရည်များဝဲနေမိသည်။
မိုးစက် ဘဝက အထီးကျန်ဆန်ပါသည်။ စည်သူပြောခဲ့သလိုပင် ဘာတွေပဲဖြစ်နေဖြစ်နေ မိုးစက်တစ်ယောက်ထဲ ဖြစ်နေခဲ့သည်။ တစ်ယောက်ထဲပင် ကြိတ်မှိတ်ခံစားခဲ့ရသည်။ စားဝတ်နေရေးအတွက်တင်မက၊ ကျောင်းစရိတ်အတွက်ပါ.. ရုန်းကန်နေရသော မိုးစက်ဘဝက ပင်ပန်းလွန်းလှသည်။
မိုးစက် တွေးတောနေစဉ် တံခါးခေါက်သံကြား၍ တံခါးကိုထဖွင့်လိုက်သည်။ ဟင်…. စည်သူ….
“မင်းကျောင်းမသွားဘူးလား စည်သူ”စည်သူက လက်ထဲက ချိုင့်တစ်လုံးဆွဲလျှက် အိမ်ထဲကိုဝင်လာလေသည်။ ထို့နောက် ချိုင့်ကို စားပွဲခုံပေါ်တင်ပြီး လက်ခုံနှင့် နှဖူးကိုပွတ်ရင်း.. မိုးစက်ကို မျက်ခုံးနှစ်ဖက်ပင့်ပြကာ.. ချွေးတောင်ပျံသွားတယ်ဆိုတဲ့ စတိုင်လုပ်လေသည်။ မိုးစက် စည်သူ့စတိုင်ကို အတော်ပင်ရယ်ချင်သွားသည်။
“ကျောင်းမသွားဘူးလား စည်သူရ..”
“ငါသွားသားပဲ.. ကျောင်းရောက်တော့ အတန်းထဲက မင်းထိုင်နေကျ နောက်ဆုံးခုံမှာ မင်းကို မတွေ့တာနဲ့ အဲဒါ တစ်ချိန်ပဲ တက်ပြီး မင်းဆီလာခဲ့တာ။ မင်းနေမကောင်း ဖြစ်တုန်းပဲထင်ပြီး စိတ်ပူလို့..။ သြော်.. ငါအိမ်ကို တစ်ချက်ဝင်ခဲ့သေးတယ်။ မေမေ့ကို ဆန်ပြုတ်ပြုတ်ခိုင်းပြီး ဆန်ပြုတ်ယူလာတယ်လေ..၊ ပူတုန်းသောက်လိုက်ဦးကွ.. ”
မိုးစက် မျက်ရည်များဝဲနေရမှ မျက်ရည်များပင် ကျလာရပါသည်။ စည်သူရယ်….
ငါ့ကို ဂရုစိုက်တယ်ပေါ့လေ..။
ငါ့ကို တော်တော်လည်း ခင်နိုင်တာပဲနော်။
ငါ့ဘဝမှာ ဒီလို ဂရုစိုက်မှုမျိုးနဲ့ ခင်တွယ်မှုမျိုးကို အချိန်ပြည့် တောင့်တခဲ့တာပါ။ မင်းက..အခု.. အခု..
YOU ARE READING
" မိုးစက်ပုံပြင် "
Romance" မိုးစက်ပုံပြင် " မိုးဖွဲတွေကြား ငါတွေ့ခဲ့ဖူးတဲ့ အချစ်တစ်ခု မိုးရွာတိုင်း ငါပြန်ရှာဖွေနေဆဲ ဒါပေမယ့်.... မတွေ့ခဲ့....။ မိုးရေတွေရဲ့အကြား နက်ရှိုင်းတဲ့အချစ်တစ်ခုနဲ့အတူ ချစ်သူတစ်ယောက်ကို ရိုးရှင်းစွာရရှိခဲ့....။ တစ်ဖွဲဖွဲရွာနေတဲ့ မိုး...