“ မိုးစက်ပုံပြင် ” .. အပိုင်း(၁၁) ...
••••••••••••••••••••°••••••••••••••••••••°
မနက်မိုးလင်းတော့ စည်သူ့ ခန္ဓာကိုယ် အတော်ပင်လေးလံနေတကို သတိထားမိလိုက်သည်။
သြော်.. မိုးစက်က သူ့ကို အစွမ်းကုန်ခွထားတာပဲ..၊
လက်နှစ်ဖက်ကိုလည်း စည်သူ့ရင်ဘတ်ပေါ် စုံတင်ထားသည့် အပြင်.. ခြေထောက်နှင့်လည်း တင်းကျပ်စွာခွထားသည်မှာ.. မိုးစက်၏ ထောင်နေသော ငယ်ပါလေးက စည်သူ့ခါးကို လာထောက်မိနေသေးသည်။ စည်သူ..
ဟက်ခနဲ တစ်ချက်ရယ်လိုက်မိသည်။
ခွခေါင်းအုံးမရှိရင် မအိပ်တတ်တာကငါ..၊ တကယ် အသေအကြေခွတာက မင်း.. ကောင်းပါ့ကွာ..
စည်သူ မိုးစက် နိုးမှာစိုး၍ တဖြည်းဖြည်းနှဲ့၍ မိုးစက်ခြေထောက်ကို ဖြုတ်ယူသည်။ ခြေထောက်တဆုံး လွတ်ခါနီးမှာပင် မိုးစက်က စည်သူ့ဘက်တိုးကာ ထပ်ခွလိုက်သဖြင့် စည်သူ ရယ်လိုက်မိပြန်သည်။ နောက်တစ်ခေါက်ထပ်ဖြုတ်သည်။ မရ.. လွတ်ခါနီးမှာပင် ထပ်ခွထားပြန်သည်။
စည်သူ သိပ်မသင်္ကာချင်တော့…. ဒီတစ်ခါဖြုတ်နေတုန်း မိုးစက်မျက်နှာကို ဖျတ်ခနဲ ကြည့်လိုက်တော့ မိုးစက်က မျက်လုံးတစ်ဖက်ကို နည်းနည်းလေးဖွင့်ကာ စည်သူ့ကို ခိုးကြည့်နေတာ တွေ့ရသည်..“ဟား..ဟား.. မိုးစက်.. မင်းတော့နောက်တယ်.. ”
“ဟီး.. ”
“ထတော့ ထတော့ ကျောင်းသွားရဦးမယ်..”
“အင်း.. ငါနိုးတာ အစောကြီးထဲက.. အားလုံးပြင်ဆင်ပြီး ခဏပြန်လှဲနေတုန်း မှေးကနဲ ပြန်အိပ်သွားတာ မင်းခြေထောက်ကို ကိုင်တော့မှ ပြန်နိုးလာတာ.. ဟီးဟီး.. မင်းကို စချင်တာနဲ့ အဲဒါ..”
သြော်.. ။
ဟုတ်လည်းဟုတ်သည်.. မီးဖိုဆောင်ထဲ မိုးစက် မနက်စာက အစ နေ့လည်ယူသွားမည့် ထမင်းချိုင့်ကိုပါ စီစဉ်ပြီးသား။ စည်သူ့အတွက်ဟု ထင်ရသည့် ထမင်းဘူးဆင်တူလေးတစ်ဘူး ပြင်ထားတာလည်းတွေ့ရသည်။ စည်သူသည် မနက်စာဖြစ်သော တိုရှည်နှင့် ပဲဟင်းရည်ကို ဗိုက်ဆာဆာနှင့် ပလုတ်ပလောင်းစားလိုက်ပြီး..
မိုးစက် အဝတ်အစားများနှင့်ပင် ကျောင်းသွားရန်ပြင်ရလေသည်…
မိုးစက်က ကျောင်းကို စည်သူတို့လို ကျောင်းကားမစီးပါ.. Bus ဖြင့်ပင်သွားလေသည်။ မိုးစက်ကို မေးကြည့်တော့ ‘bus ကားစီးရတာ…. လူတွေမျက်နှာတွေ အများကြီးမြင်ရလို့.. လူတွေရဲ့မျက်နှာကိုကြည့်ပြီး သူတို့ဘာဖြစ်နေလည်း ခန့်မှန်းရတာ သိပ်ပျော်စရာကောင်းတာ’ ဟု ဖြေလေသည်။ ကားစီးပြီးတော်တော်ကြာတော့ မိုးစက်က လူကြီးတစ်ယောက်ကို ကြည့်၍..
YOU ARE READING
" မိုးစက်ပုံပြင် "
Romance" မိုးစက်ပုံပြင် " မိုးဖွဲတွေကြား ငါတွေ့ခဲ့ဖူးတဲ့ အချစ်တစ်ခု မိုးရွာတိုင်း ငါပြန်ရှာဖွေနေဆဲ ဒါပေမယ့်.... မတွေ့ခဲ့....။ မိုးရေတွေရဲ့အကြား နက်ရှိုင်းတဲ့အချစ်တစ်ခုနဲ့အတူ ချစ်သူတစ်ယောက်ကို ရိုးရှင်းစွာရရှိခဲ့....။ တစ်ဖွဲဖွဲရွာနေတဲ့ မိုး...