အပိုင်း(၂၅)

4.5K 209 1
                                    

“ မိုးစက်ပုံပြင် ”                 .. အပိုင်း(၂၅) ...

••••••••••••••••••••°••••••••••••••••••••°••••••



          ကျောင်းရောက်တော့ စည်သူ တော်တော်ပင် နောက်ကျနေသည်။ ဒီနေ့အတန်းက စည်သူလိုက်နိုင်သော အတန်း။ ဒီအတန်းကို မတက်ဖြစ်တာ ကြာပြီးဖြစ်သည်။ ထို့ကြောင့် ကျောင်းကို အမြန်ပြေးခဲ့ခြင်းဖြစ်သည်။ ကိုယ်လိုက်နိုင်သော ဘာသာရပ်ကိုတော့ သေချာလိုက်လုပ်ထားချင်သည်။
          အတန်းထဲဝင်တော့ ဖြိုးက ပြုံးစိပြုံးစိဖြင့် ကြည့်နေသည်။ မင်းထက်ကိုတော့ မတွေ့ပါ။ ကျောင်းမလာဘူးထင်သည်။ ထိုင်ခုံမှာ ထိုင်တော့ ဖြိုးက စာအုပ်နောက်ဖုံးမှာ စာရေး၍ စည်သူ့ကို ပေးသည်။ ‘အဆင်ပြေကြလား…. မိုးစက်ရော မပါဘူးလား’ တဲ့….။ စည်သူက ခေါင်းကို တက်ချက်ညိမ့် တစ်ချက်ခါလိုက်သည်။ ဖြိုးက လွယ်အိတ်ထဲက ပါကင်လှလှလေးထုတ်ထားသော ဘူးတစ်ခုကို ပေးသည်။ စည်သူက ဘူးလေးကိုလှမ်းယူရင်း လေသံဖြင့်မေးလိုက်သည်….

          “လက်ဖွဲ့ထပ်ပေးပြန်ပြီလား….”

          “ငါပေးတာ မဟုတ်ဘူး။ canteen ထိုင်နေတုန်း စားပွဲထိုးလေးတစ်ယောက်က ပေးခိုင်းလိုက်တာ။ စည်သူ့ကို ပေးပေးပါတဲ့။ ဘယ်သူပေးခိုင်းလဲဆိုတာမေးတော့ ပြောလို့မရဘူးတဲ့..။ အဲဒါနဲငါ ယူလာတာ….”

          “အေးအေး ထားလိုက်ပါတော့ အတန်းချိန်ပြီးမှ canteen ထိုင်ရင်း ပြောကြတာပေါ့….”

          စည်သူ white board ကိုကြည့်ပြီး စာကိုလိုက်နားထောင်နေလိုက်တော့သည်….
          အတန်းချိန်ပြီးလို့ canteen ရောက်တော့ စည်သူက ဘူးလေးကို ထုတ်၍ အပေါ်က ထုတ်ပိုးထားသော အလှစာရွက်လေးကို ခွာလိုက်သည်။ အထဲတွင် စက္ကူဘူးတစ်ဘူးနှင့် post card လေးတစ်ခု။ ဖြိုးက post card လေးကို အမြန်ယူကာ ဖတ်ကြည့်လိုက်သည်။ ထို့နောက် ချက်ခြင်းပင် မျက်နှာပျက်သွားလေသည်။

          “စည်သူ ဖတ်ကြည့်စမ်း.. အမြန်ဖတ်ကြည့်…..”

          ဖြိုးပေးသော card လေးကို စည်သူက ယူ၍ ဖတ်လိုက်ရာ….

          “ မောင်မှိုင်းညို့မိုးစက်နှင့် မောင်စည်သူတို့အတွက် မင်္ဂလာလက်ဖွဲ့….
             စော မေ လင်း”
          ဟုရေးထားသည်။ စာလေးက တိုတိုလေးပေမယ့် စည်သူ့ရင်ထဲတွင် ဝုန်းဒိုင်းကြဲသွားလေသည်။
စည်သူ စက္ကူဘူးကို အမြန်ဖွင့်ကြည့်တော့ ဘူးထဲတွင် ကျောက်စလစ်ခဲ အစအနများ၊ အုတ်နီခဲ အစအနများကို တွေ့ရလေသည်။ မေလင်း.. ဒီကိစ္စကို ဘယ်လိုဘယ်လို သိသွားတာလည်း။ ဒီကျောက်စလစ်ခဲတွေကရော စိန်ခေါ်မှုစတင်တယ် ဆိုတဲ့ သဘောလား….။ ငါတို့နှစ်ယောက် နာကျင်စေရမယ်ဆိုတဲ့ သဘောလား…..
          စည်သူ့ရင်ထဲတွင် မေးခွန်းပေါင်းများစွာနှင့် ယောက်ယက်ခတ်ကာ၊ စိတ်ရှုပ်ထွေးလာလေသည်။ ဖြိုးက စည်သူ့မျက်နှာကို ကြည့်ရင်း စိုးရိမ်သော လေသံဖြင့်ပြောသည်….

" မိုးစက်ပုံပြင် "Where stories live. Discover now