အပိုင်း(၁၈)

6K 234 0
                                    

“ မိုးစက်ပုံပြင် ”                    .. အပိုင်း(၁၈) ...

••••••••••••••••••••°••••••••••••••••••••°••••••



          မနက်ဖြန်ဆို တစ်ပတ်ပြည့်၍ ကျောင်းပြန်တက်သင့်နေပြီဆိုတာကို သိ၍ နှစ်ယောက်စလုံး မနက်ဖြန်ရောက်လာမှာကို စိုးရိမ်နေကြသည်။ ရင်ထဲမှာ.. မခွဲခွာချင်စိတ်.. အတူနေခဲ့သောရက်များကို နှမျောတသစိတ်နှင့် ပူလောင်နေမိကြသည်။ ကျောင်းရောက်ရင်ကော.. ဒီလိုတရင်းတနှီးနေဖြစ်ပါ့မလား..။
ငါကိုယ်တိုင်ရော တရင်းတနှီးနေရဲပါ့မလား။
ငါတို့.. နှစ်ယောက်ထဲမဟုတ်တော့မယ့် အပြင်ကမ္ဘာမှာ ထာဝရ အဆင်ပြေနိုင်ပါ့မလား……..
နှစ်ယောက်သား စကားမပြောမိကြ… အတွေးကိုယ်စီနှင့် ဝရန်တာမှ အပြင်ကိုငေးလျှက် သက်ပြင်းများချနေမိကြသည်။
တစ်ခါတစ်ခါတော့ စည်သူက ဝရန်တာပေါ်လက်တင်၍ ကောင်းကင်ကိုမော့ကြည့်နေသော မိုးစက်ကို ငေးမိသလို..။
မိုးစက်ကလည်း ဝရန်တာဘောင်ပေါ်ထိုင်နေသော စည်သူ့မျက်နှာလေးကို မခွဲခွာချင်စွာ.. ငေးကြည့်မိသည်။ နှစ်ယောက်သား မျက်လုံးချင်းဆုံမိတာနှင့် မျက်လွှာချ၍ သက်ပြင်းများချလိုက်မိသည်မှာ မကြာခဏပင်…။
ခဏကြာမှ မိုးစက်က ဧည့်ခန်းထဲဝင်ကာ ဆိုဖာပေါ်တွင် ဂစ်တာထိုင်တီးနေလိုက်သည်….။
မိုးစက်တီးနေသော သီချင်းက Air Supply ရဲ့ Goodbye ဆိုသောသီချင်းဖြစ်သည်။

“I can see the pain living in your eyes….
And I know how hard you try
You deserve to have much more….
I can feel your heart and I simpathize….
And I'll never criticize
All you've ever meant to my life………”

စည်သူက ဝရန်တာ လက်ရန်းပေါ်ထိုင်နေရာမှ…. မိုးစက်နားသို့လာထိုင်လျှက်.. မိုးစက်မျက်နှာကို ရူးမူးစွာငေးကြည့်နေသည်။
မိုးစက်လည်း.. သီချင်းဆိုနေရာကနေ မျက်လုံးမှ မျက်ရည်များ အလိုလိုဝဲလာမိသည်…

“You…. would never ask me why………
My heart is so disguised
I just can't live a lie anymore……..
I would rather hurt myself
Than to ever make you cry…
There's nothing left to say but goodbye………………..”

သီချင်းဆိုနေရင်း.. ဘာကြောင့်မှန်းမသိ.. မိုးစက်ငိုမိပါသည်။
စည်သူက မိုးစက်ရှေ့ကို ဒူးထောက်ထိုင်ချလိုက်ရင်း.. ပါးပြင်ပေါ်ကျဆင်းလာသော မျက်ရည်များကို နှုတ်ခမ်းလေးနှင့် ခပ်ဖွဖွဖိသုတ်ပေးလိုက်လေသည်။

" မိုးစက်ပုံပြင် "Where stories live. Discover now