“ မိုးစက်ပုံပြင် ” .. အပိုင်း(၁၅) ...
••••••••••••••••••••°••••••••••••••••••••°••••••
စည်သူ ဘာမှ မတုံ့ပြန်မိပေ….။
မိုးစက် သည်းထန်စွာ နမ်းနေသော နှုတ်ခမ်းများ၏ ပူနွေးစိုစွတ်သော ခံစားချက်များကြောင့် ရင်ထဲ တဒိတ်ဒိတ်ခုန်လာမိလေသည်။ ထို့နောက် မျက်လုံးများလည်း တဖြည်းဖြည်းစင်းလာလေသည်။ သူမေလင်းကို နမ်းခဲ့ဖူးသော်လည်း ဒီလို မခံစားခဲ့ရပါ….
ခဏကြာတော့ သူမိုးစက်ကို တင်းတင်းကျပ်ကျပ်လှမ်းဖက်လိုက်ရင်း..
မိုးစက်ကိုပါသူ ပြန်နမ်းလိုက်မိသည်။
မိုးစက်ကလည်း သူ့ကို တင်းတင်းကျပ်ကျပ်ပြန်ဖက်ကာ သူ့နှုတ်ခမ်းများကို အရူးအမူး နမ်းရှိုက်နေလေသည်။
မိုးစက် နမ်းနေပုံက နှုတ်ခမ်းကို ဖိနမ်းခြင်းမဟုတ်ပဲ နှုတ်ခမ်းသားအတွင်းသားများကိုပါ သူ့ပါးစပ်ထဲ ဝင်အောင် စုပ်ယူနမ်းရှိုက်နေခြင်းဖြစ်သည်။
မိုးစက်နှုတ်ခမ်းသားများက စည်သူ့နှုတ်ခမ်းများကို ဆွဲစုပ်ယူလိုက်တိုင်း ပွတ်တိုက်သွားလေတိုင်း သူ့ရင်ထဲလှိုက်ဖိုမောကာ အမျိုး အမည်မသိသော ခံစားချက်ပေါင်းများစွာ ရှပ်ပြေးသွားလေသည်။
သူမိုးစက်ကို……. မိုးစက်ကို ချစ်.. မိ…
ထိုအချိန်တွင်.. စည်သူ့ စိတ်တွေ မထိန်းနိုင်ပဲ ငယ်ပါလေး တဖြည်းဖြည်းထောင်လာ၍ စည်သူ မိုးစက်ကို နမ်းနေရာမှ တွန်းလိုက်မိသည်။
မိုး.. မိုးစက်.. မင်းရောငါရောက ယောက်ျားလေးတွေ..လေ..၊ ဟုတ်တယ်.. ယောက်ျားလေးတွေ.. မိုးစက်ရဲ့။
ဒီကိစ္စက ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး..စည်သူ မောဟိုက်စွာမိုးစက်ကို ကြည့်မိတော့.. မိုးစက်က ခေါင်းကို ငုံ့ထားကာတစ်ခုခုကို အပြင်းအထန်စဉ်းစားနေလေသည်။
ထို့နောက် တုန်ရီသော အသံဖြင့် စကားတစ်ခွန်းကို ပြောလေသည်..“ငါ တောင်းပန်ပါတယ် စည်သူ..”
ထို့နောက် မိုးစက် အိမ်ခန်းတံခါးမှ ပြေးထွက်လျှက် တိုက်လှေကား တစ်လျှောက် တဝုန်းဝုန်းနှင့်ပြေးဆင်းသွားကာ မိုးသည်းထဲ ထွက်သွားလေသည်။
စည်သူ ဝေခွဲမရစွာ ကျန်ခဲ့လေသည်။
ဒါဟာ မဖြစ်သင့်ဘူး မိုးစက်ရယ်..။
ဘယ်လိုမှ မဖြစ်သင့်ဘူး။
ဒါပေမယ့်မိုးစက်.. ငါ မင်းကို.. မခွဲနိုင်ဘူး။
အခုမင်းထွက်သွားလို့၊ နောက်… ငါမင်းကို ခွဲခွာရမယ်.. မတွေ့ရတော့ဘူးဆိုတာကို ငါလက်မခံနိုင်ဘူး။
ဟုတ်တယ် ငါမင်းကို တွယ်တာနေမိပြီဆိုတာ ငါသိလိုက်ရပါပြီ..။ မင်းကို မစွန့်လွှတ်နိုင်ဘူး။
မင်းနဲ့နေရတာ ပျော်တယ်..။
မင်းမရှိရင် ငါတစ်ခုခုလို အပ်နေသလို အမြဲဖြစ်နေတာ၊
မင်းကို အမြဲ သတိရနေတာ.. အဲဒါတွေဟာ ဘာ့ကြောင့်လည်း….
ဘာကြောင့်လည်းဆိုတော့…………………….
![](https://img.wattpad.com/cover/133317530-288-k431101.jpg)
YOU ARE READING
" မိုးစက်ပုံပြင် "
Romance" မိုးစက်ပုံပြင် " မိုးဖွဲတွေကြား ငါတွေ့ခဲ့ဖူးတဲ့ အချစ်တစ်ခု မိုးရွာတိုင်း ငါပြန်ရှာဖွေနေဆဲ ဒါပေမယ့်.... မတွေ့ခဲ့....။ မိုးရေတွေရဲ့အကြား နက်ရှိုင်းတဲ့အချစ်တစ်ခုနဲ့အတူ ချစ်သူတစ်ယောက်ကို ရိုးရှင်းစွာရရှိခဲ့....။ တစ်ဖွဲဖွဲရွာနေတဲ့ မိုး...