“ မိုးစက်ပုံပြင် ” .. အပိုင်း(၇) ...
••••••••••••••••••••°••••••••••••••••••••°
'ကို.. Mr.brown ကို မလာနဲ့တော့ မေ သီချင်းနားထောင်ရင်း ခေါင်းတွေကိုက်လာလို့ အဲဒါ.. အိမ်ပြန်အိပ်တော့မလို့..’ ဟု မေလင်းဆီမှ ဖုန်းလာ၍ မိုးစက် အပြင်သွားရန်လဲထားသော အဝတ်အစားများကို ချွတ်ကာ.. ပေါ့ပေါ့ပါးပါးတစ်စုံကို ပြန်လဲလိုက်လေသည်။အမှန်အတိုင်းပြောရရင် သူမေလင်းဆီမသွားချင်ပါ။ မေလင်းနဲ့သူနဲ့ ရည်းစားသာဆိုသော်လည်း သူမေလင်းကို ချစ်လွန်း၍ ရည်းစားဖြစ်နေခြင်းမဟုတ်..။
မေလင်းကိုယ်တိုင် သူ့အိမ်ခန်းဝမှာ စောင့်နေပြီး (အိမ်ကို ဘယ်လို စုံစမ်းထားမှန်းမသိ) သူ့ကို အတင်းဖက်ကာ ရည်းစားစကားပြော၍ ချစ်တယ်လို့ပြန်မပြောရင် ဒီနေ့အိမ်မပြန်ဘူး ဒီအခန်းဝမှာပဲ အိပ်မယ်ဟုဆိုကာ အကျပ်ကိုင်ခဲ့ခြင်းကြောင့်သာ ပတ်ဝန်းကျင်ကတလွဲထင်မှာ စိုး၍ သူလက်ခံခဲ့ခြင်းဖြစ်သည်။ ပြီးတော့ သူ့မှာလည်း ကိစ္စတစ်ခုရှိ၍ မေလင်းကိုလက်ခံခဲ့ခြင်းဖြစ်သည်။
ရည်းစားများခဲ့သော သူ့အတွက် ရည်းစားတစ်ယောက်ရသွားခြင်းက မထူးဆန်းပေ..။
မိုးစက်… ခပ်ပျင်းပျင်းနှင့် ဆိုဖာပေါ် ပြစ်လှဲလိုက်မိသည်။
ထို့နောက်မနက်က ကိစ္စကို သူပြန်စဉ်းစားနေမိသည်။စည်သူ..မင်းက မင်းသူငယ်ချင်းတွေနဲ့
အေးအေးဆေးဆေးပဲနော် ..။
ငါ့ဆီလာဖို့ပြောထားတာတောင် မင်းမေ့နေတယ်..။
ငါ့မှာတော့ စောင့်လိုက်ရတာကွာ…… ငါမအေးဆေးနိုင်ဘူးဖြစ်နေတယ်..စည်သူ..၊
သူစည်သူ့အကြောင်းတွေးလိုက်တိုင်း ရင်ထဲ မဝေဝါးသောခံစားချက်များစွာ လှုပ်ရမ်းသွားလေ့ရှိသည်။ အခု စည်သူ သူ့ကို ဂရုမစိုက်မှန်းသိတော့ သူရင်ဘတ်ထဲ ဗြောင်းဆန်နေအောင် ပူလောင်နေမိသည်။ ငါစည်သူနဲ့ ဒီတစ်သက်လုံးဘယ်နှစ်ခါပဲတွေ့နိုင်မှာလည်း..။
သူကရော ငါ့ကိုတွေ့ချင်ပါ့မလား။ ဒါဆို..
ငါစည်သူ့ကို အမြဲတမ်း တွေ့ရဖို့မလွယ်ဘူးပေါ့။ ဟိုတစ်နေ့ကလို သူနဲ့တူတူ ပျော်ရွှင်ခဲ့ရတဲ့ နေ့မျိုး…နောက်ထပ် ဘယ်ရနိုင်တော့မှာလည်း..။ သူရင်ထဲတွင် ဘာမှန်းမသိ စစ်ခနဲ နာကျင်မိသွားသည်။
ရင်တွေလဲ တထိတ်ထိတ်နှင့် ခုန်လာလေသည်။
ငါ ဒီကောင့်ကို ဘာလို့ အဲလောက်တောင် လိုအပ်နေတာလည်း။
ဟာ.. ငါ.. ဒီကောင့်ကိုများ………… ချစ်.. နေ.. မိ..
အာ……. မဖြစ်နိုင်တာပဲ…
ငါစိတ်လှုပ်ရှားလွန်းနေတာ နေမှာပါ..။
ယောက်ျားလေးချင်းပဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း.. မိုးစက် မင်းခေါင်းထဲက အတွေးရိုင်းတွေ ထုတ်လိုက်တော့.. ထုတ်လိုက်တော့ကွာ..။
မင်းသူ့ကို ခင်လွန်းနေတာ
ဟုတ်တယ်.. ခင်လွန်းလို့ပါ..
မင်းက အထီးကျန်ဆန်တော့ သူ့လို ခင်ဖို့ကောင်းတဲ့ စိတ်ထားတည်ကြည်တဲ့လူကိုခင်နေမိတာ..
ဘာဆန်းလဲ.. မဟုတ်တာတွေကို မင်းမစဉ်းစားပါနဲ့…..
မိုးစက်စိတ်ထဲ အတော်ပင် နောက်ကျိသွားလေသည်..။
သူ.. စည်သူ့အပေါ် မြင်သောအမြင်နှင့် ခံစားချက်က သာမာန်မဟုတ်မှန်း သူသိပေမယ့် သူအဲဒီ့ခံစားချက်ကို လက်မခံနိုင်ပါ။
YOU ARE READING
" မိုးစက်ပုံပြင် "
Romance" မိုးစက်ပုံပြင် " မိုးဖွဲတွေကြား ငါတွေ့ခဲ့ဖူးတဲ့ အချစ်တစ်ခု မိုးရွာတိုင်း ငါပြန်ရှာဖွေနေဆဲ ဒါပေမယ့်.... မတွေ့ခဲ့....။ မိုးရေတွေရဲ့အကြား နက်ရှိုင်းတဲ့အချစ်တစ်ခုနဲ့အတူ ချစ်သူတစ်ယောက်ကို ရိုးရှင်းစွာရရှိခဲ့....။ တစ်ဖွဲဖွဲရွာနေတဲ့ မိုး...