“ မိုးစက်ပုံပြင် ” .. အပိုင်း(၂၉) ...
••••••••••••••••••••°••••••••••••••••••••°•••••
စည်သူ အိမ်တွင်းပုန်းနေသည်မှာ တစ်ပါတ်ရှိပြီ။ အမေ့ကို နေမကောင်းဘူးဟု ပြောထားပြီး ကျောင်းကိုလည်းသွားမတက်ပေ။ ဖြိုးနှင့်မင်းထက်ကိုလည်း လုံးဝမဆက်သွယ်ပါ။ ဖုန်းလာလျှင်တောင် မကိုင်တော့….။ အခန်းကို အလုံပိတ်ထားရင်း အခန်းထောင့်တစ်နေရာတွင် အဓိပ္ပာယ်မဲ့စွာ ထိုင်နေလေသည်။ သူ့ဘဝထဲတွင် မိုးစက်မရှိတော့တာ သေချာလာတာနဲ့အမျှ သူဘာကိုမှ အလေးနက်ထားမစဉ်းစားချင်တော့ပေ။
စိတ်ထဲဟာတာတာဖြစ်ကာ ဘဝကြီးတစ်ခုလုံး အဓိပ္ပာယ်မရှိတော့သလိုပင်….။ အရာအားလုံးကို သူမေ့ထားချင်နေသည်။
အာ.. မဟုတ်တာပဲစည်သူရယ်။ ယတကယ်တော့ မင်း…မိုးစက်ကိုပဲမေ့ထားရမှာပါ။ သူက မင်းကို ရက်စက်စွာ.. မင်းဘဝကိုအဓိပ္ပာယ်မဲ့သွားမယ်ဆိုတာ သိရက်နဲ့ ရက်စက်စွာ.. ထားခဲ့တဲ့သူလေ။ မင်းနာကျည်းလိုက်ပါ။ အစွမ်းကုန်နားကျည်းလိုက်ပါကွာ………..
တွေးရင်း စည်သူမျက်ရည်များကျဆင်းလာပါသည်။ မျက်ရည်တို့ကို ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။ မျက်ရည်ကို သူမကျအောင် ထိန်းချုပ်တော့မည်။ သူမေ့နိုင်လာပါလိမ့်မည်….ထိုစဉ် အခန်းတံခါးခေါက်သံကြားသဖြင့် မျက်ရည်စတို့ကို အကုန်သုတ်၍ ထဖွင့်ပေးလိုက်သည်။ ဖြိုး…..။
သူဖြိုးကို တစ်ချက်မျှသာ ကြည့်ပြီး အခန်းထဲပြန်ဝင်သွားကာ ခုနကထိုင်နေသော ထောင့်လေးတွင်ပင် သွားပြန်ထိုင်နေလိုက်သည်။ ဖြိုးက နောက်မှ ခပ်ဖြည်းဖြည်းလိုက်လာလျှက် သူ့ရှေ့တွင် ဝင်ထိုင်လိုက်သည်။“မိုးစက်အကြောင်းလာပြောတာဆို ပြန်ပါတော့ ဖြိုး.. ငါမင်းကို မနှင်ထုတ်ချင်ဘူး”
“စည်သူ………….”
“မပြောပါနဲ့ ဖြိုးရယ်.. ငါသူ့ကို မေ့ဖို့ကြိုးစားနေပြီ..။ ဒါ့ကြောင့်ကျေးဇူးပြုပြီး ငါ့ကို မပြောပါနဲ့..။ ဘာမှ မပြောပါနဲ့တော့…………….။ မိုးစက်အကြောင်း မသိချင်တော့ဘူး”
“မိုးစက်ရဲ့ပါးပေါ်က ဒါဏ်ရာအကြောင်းဆိုရင်ရော မသိချင်ဘူးလား…………”
![](https://img.wattpad.com/cover/133317530-288-k431101.jpg)
YOU ARE READING
" မိုးစက်ပုံပြင် "
Romance" မိုးစက်ပုံပြင် " မိုးဖွဲတွေကြား ငါတွေ့ခဲ့ဖူးတဲ့ အချစ်တစ်ခု မိုးရွာတိုင်း ငါပြန်ရှာဖွေနေဆဲ ဒါပေမယ့်.... မတွေ့ခဲ့....။ မိုးရေတွေရဲ့အကြား နက်ရှိုင်းတဲ့အချစ်တစ်ခုနဲ့အတူ ချစ်သူတစ်ယောက်ကို ရိုးရှင်းစွာရရှိခဲ့....။ တစ်ဖွဲဖွဲရွာနေတဲ့ မိုး...