“ မိုးစက်ပုံပြင် ” .. အပိုင်း(၁၀) ...
••••••••••••••••••••°••••••••••••••••••••°
အဲဒီ့ညမှာ စည်သူ တကယ်တမ်း တရားလွန် မမူးလာခဲ့ပါ။ သောက်ရုံသာ သောက်လာခဲ့ခြင်းဖြစ်သည်။ ဒီည မိုးစက်ကို သူရင်ဖွင့်ရမည်ဖြစ်သည်။ ရင်ဖွင့်၍ ပြဿနာတော့ ရှာမည်မဟုတ်၊ ဒီကိစ္စမှာ မိုးစက်ကို သူအပြစ်မမြင်ပေ..၊ မိုးစက် ဘာမှ မသိဘူးဆိုတာ သူသိခဲ့လေသည်။
သူ မိုးစက်အိမ်ရောက်ရောက်ချင်း မိုးစက် ဘာမှမမေးခင်မှာပင် သူကပဲ စပြောလိုက်လေသည်..“မိုးစက်.. တကယ်တော့ မေလင်းက မင်းနဲ့မကြိုက်ခင်ကတည်းက ငါနဲ့တွဲနေတဲ့ ငါ့ချစ်သူပဲ..”
“ဟင်..”
မိုးစက် အတော်ပင် အံ့သြသွားလေသည်။
“ဟုတ်တယ် မင်းနဲ့အခုတွဲနေတာ ငါနဲ့လည်း မပြတ်သေးပဲတွဲနေတာ.. ”
“ဟာကွာ.. အဲလိုလား.. ဟာ ငါမသိလိုက်လို့ပါကွာ.. ငါသူ့မှာ ရည်းစားရှိမှန်းမသိခဲ့ဘူး.. ပြီးတော့ အဲဒီ့ရည်းစားက မင်းဖြစ်နေတာ.. ဟာ..”
စည်သူက ခြောက်ကပ်စွာ တစ်ချက်ရယ်လေသည်။ ထို့နောက် နှုတ်မှလည်း.. မေလင်း.. မေလင်း အတော်လည်တဲ့ မေလင်း ဟုရေရွတ်နေသည်။
“မင်း အဲဒါကို ခံစားနေရတာပေါ့ ဟုတ်လား..။ စည်သူရာ အဲဒါတွေ ဘာလို့ငါ့ကို ကြိုမပြောလည်း။ ဟိုတစ်ခါ club မှာတွေ့ကတည်းက မင်းအတော်ခံစားနေရမှန်း ငါသိတယ်။ ဒါတွေကို ဘာလို့အခုမှပြောတာလည်း စည်သူရာ…..”
“………..”
“ငါဒီကိစ္စကို အတတ်နိုင်ဆုံး ဖြေရှင်းပေးပါ့မယ် စည်သူ.. ။ ငါသူ့ကို လမ်းခွဲလိုက်မယ်.. ”
စည်သူ.. မိုးစက်ကို တစ်ချက်မော့ကြည့်ပါသည်.. ထို့နောက်ခေါင်းကို ပြန်ငုံ့သွားလျှက်..
“မင်းသိလား မနက်က မေလင်းက ငါမင်းကို ပြဿနာ လာရှာတယ်ထင်ပြီး ငါ့ကို အော်တယ်..။ ငါ့ကို ဒီလောက်စိတ်ညစ်စရာ ကောင်းမယ်လို့ မထင်ခဲ့မိဘူးတဲ့..။ ပြီးတော့ သူကပြောသေးတယ်.. ရွေးမယ့်ရွေး မိုးစက်ကိုပဲ ရွေးမယ်တဲ့.. နင့်လို ပြဿနာကောင်ကို မရွေးဘူးတဲ့လေ…။
ငါ့ကို အရင်က မောင်.. လို့ခေါ်ခဲ့တဲ့ ပါးစပ်.. အဲဒီ့ပါးစပ်ဖျားလေးနဲ့ပဲ ပြောသွားတာ.. ဟား..ဟား.. သူက ကတိတော့တည်သားပဲ သူ့ရည်းစားသစ်ကို.. မောင်လို့ ဘယ်တော့မှ မခေါ်ပါဘူးတဲ့လေ၊ ဘယ်ခေါ်မလဲ ကို.. လို့ပြောင်းခေါ်တာကိုး.. ဟားဟား.. တော်တော်တတ်နိုင်တဲ့ မိန်းမပဲ.. မေလင်း.. မေလင်း.. ဟားဟား..”
YOU ARE READING
" မိုးစက်ပုံပြင် "
Romance" မိုးစက်ပုံပြင် " မိုးဖွဲတွေကြား ငါတွေ့ခဲ့ဖူးတဲ့ အချစ်တစ်ခု မိုးရွာတိုင်း ငါပြန်ရှာဖွေနေဆဲ ဒါပေမယ့်.... မတွေ့ခဲ့....။ မိုးရေတွေရဲ့အကြား နက်ရှိုင်းတဲ့အချစ်တစ်ခုနဲ့အတူ ချစ်သူတစ်ယောက်ကို ရိုးရှင်းစွာရရှိခဲ့....။ တစ်ဖွဲဖွဲရွာနေတဲ့ မိုး...