“ မိုးစက်ပုံပြင် ” .. အပိုင်း(၁၂) ...
••••••••••••••••••••°••••••••••••••••••••°
စည်သူ.. အိမ်ပြန်ရောက်တော့ မေလင်းစီးနေကျ ကားအဖြူလေးကို အိမ်ရှေ့မှာတွေ့လိုက်ရသည်။ မေလင်းငါ့အိမ်ကို ဘယ်လို သိသွားပါလိမ့်….
အင်းလေ.. သူမသိတာ ဘာရှိလို့လည်း၊
သူက ငလည်မပဲ..။
စည်သူ ပျစ်ပျစ်နှစ်နှစ်ပင် တွေးလိုက်ရင်း အိမ်ထဲကိုတော့ အမြန်ဝင်လိုက်မိသည်။ အိမ်ရှေ့ဧည့်ခန်းတွင်တော့ မေလင်းတစ်ယောက်.. အမေနှင့် စကားလက်ဆုံတွေကျနေသည်။ အမေ့လက်ထဲမှာက အလှကုန်ပစ္စည်း တစ်ချို့နှင့်.. အရှေ့စားပွဲပေါ်မှာက သစ်သီးခြင်း တစ်ခြင်း..
စည်သူ့ကို တွေ့တော့ မေလင်းက ချိုကြည်စွာပြုံးရင်း ဟော..မောင်တောင်ပြန်ရောက်လာပြီ ဟုလှမ်းနှုတ်ဆက်သည်။ဟာ မေလင်းဘာအကွက်တွေလည်းကွာ.. ငါ့အမေရှေ့မှာ ဒီလိုခေါ်ရဲလောက်အောင်၊ ခေါ်ရလောက်အောင် မင်းဘာတွေ ဖြစ်ဖို့ကြိုးစားနေပြန်ပြီလည်း..။
အမေကတော့ မေလင်းအပြောကို သဘောကျသလို တဟင်းဟင်းရယ်လိုက်ရင်း“သား.. သားမှာ ကောင်မလေးရှိတာ ဘာလို့ အမေ့ကို မပြောလည်း.. ကြည့်စမ်း ကောင်မလေးက ချစ်စရာကောင်းတဲ့ အပြင်
လိမ်လည်း လိမ်မာသေးတယ်.. ဘာလည်း အမေသဘောမကျမှာ စိုးလို့ မပြောခဲ့တာလားသား..”စည်သူ အင်းမလုပ် အဲမလုပ်နှင့်ပင် အမေ့နား ဝင်ထိုင်လိုက်သည်။ မေလင်းမျက်နှာကို တစ်ချက်အကဲခတ်ကြည့်တော့ မေလင်းက ချိုသာစွာ ပြုံးရွှင်နေပေမယ့်.. မျက်နှာ တစ်ချက်တစ်ချက် ပျက်သွားတာ သတိထားမိသည်။ မင်း
ဘာတွေလာ ဟန်ဆောင်နေတာလည်း စောမေလင်း..“အန်တီ.. သမီးရှင်းပြမှပဲ ဒီbrand လေးကို ကြိုက်သွားပြီကွယ်… အန်တီက အရေးအကြောင်းတွေကို ဂရုမစိုက်ပေမယ့် တင်းတိပ်လေးတွေနည်းနည်းထွက်လာတာတော့ အန်တီ မလိုလားဘူး..။ အခုဒါလေးက အရေးအကြောင်းအတွက်ရော တင်းတိပ်၊ ဝက်ခြံလေးတွေပါ ပျောက်တယ်ဆိုတော့ အန်တီ သဘောကျတယ်..။ သမီး.. အန်တီဒါဖိုးလေးပေးလိုက်ပါရစေကွယ်..”
“အို.. မဟုတ်တာ အန်တီရယ်.. လက်ဆောင်ပေးတာပါဆို...။ ယူထားလိုက်ပါ.. အန်တီမယူထားရင် သမီးစိတ်ဆိုးမှာနော်..”
YOU ARE READING
" မိုးစက်ပုံပြင် "
Romance" မိုးစက်ပုံပြင် " မိုးဖွဲတွေကြား ငါတွေ့ခဲ့ဖူးတဲ့ အချစ်တစ်ခု မိုးရွာတိုင်း ငါပြန်ရှာဖွေနေဆဲ ဒါပေမယ့်.... မတွေ့ခဲ့....။ မိုးရေတွေရဲ့အကြား နက်ရှိုင်းတဲ့အချစ်တစ်ခုနဲ့အတူ ချစ်သူတစ်ယောက်ကို ရိုးရှင်းစွာရရှိခဲ့....။ တစ်ဖွဲဖွဲရွာနေတဲ့ မိုး...