“ မိုးစက်ပုံပြင် ” .. အပိုင်း(၃၀/ဇာတ်သိမ်း) ..
••••••••••••°••••••••••••••••••••°••••••••••••
“မိုး.. မိုးစက်.. မိုးစက်.. မိုးစက်……………………….”“……………………………………………..”
“မိုးစက်ရေ……ငါ့ကိုကယ်ပါဦး…………..”
ထိုနာမည်ကိုရွတ်လိုက်သည့်အချိန်တွင် သူ့ရင်ထဲ ကြည်နူးသလိုလို၊ နာကျည်းသလိုလိုနှင့် မသဲကွဲသော ခံစားချက်ကို ရရှိလိုက်မိသည်။
သီချင်းသံတစ်ခု လွင့်ပျံ့လာသည်။
မိုးစက်ဆိုနေကျ သီချင်းသံဖြစ်သည်….“I knew I loved you before I met you….
I think I dreamed you into life….
I knew I loved you before I met you….
I have been waiting all my life…. ”မင်းနဲ့ မတွေ့ခင်ထဲက ငါမင်းကို ချစ်နေတာကို သိနေခဲ့တယ်တဲ့လေ။ အိုး…….ဘာသီချင်းကြီးလည်း။ ဘာသီချင်းကြီးလည်း။ ရပ်ပြစ်လိုက်စမ်းပါ…..။
မိုးစက်.. မိုးစက်ရေ….. မိုးစက်..။ မိုးစက်ဘယ်ရောက်နေလည်း မိုးစက်ရယ်…………….“ငါ့ကို မထားခဲ့ပါနဲ့…………………..”
ငါ့.. ငါ့ကို……….မ.. ထား……ခဲ့………ပါ……………..နဲ့………………………….
…………………………………………………………………………………………………
သူခြောက်ခြားစွာအော်ဟစ်နေမိသည်။
ထိုစဉ်မှာပင် သူကိုယ်တိုင် ကြည်နူးစွာ ရေရွတ်နေသော စာပိုဒ်တစ်ပိုဒ်၏ အသံကို ကြားရလေသည်….“ကျွန်တော် မောင်စည်သူနှင့် ကျွန်တော် မောင်မှိုင်းညို့မိုးစက်တို့သည် နှလုံးသား၏ အလိုဆန္ဒနှင့် အချစ်နတ်ဘုရား၏ အမိန့်ကို မလွန်ဆန်နိုင်စွာ ကိုယ်ပိုင်ရင်ခုန်ခြင်းနန်းတော်တစ်ခုတွင် လက်ထပ်ကြမည်ဖြစ်သည်။ ကျွန်တော်တို့ ချစ်ခြင်းကို မိုးရာသီကို သက်သေထား၍ တိုင်တည်မည်။ လက်ထပ်လက်စွပ်အဖြစ် ရင်ခုန်သံကို အတူဝတ်ဆင်ကြမည်။ ထိုလက်စွပ်ကို အသည်းနှလုံးပေါ်တွင် ထာဝရ မချွတ်စတမ်းဝတ်ဆင်ကြရမည် ဖြစ်သည်။ ထို့နောက်အနမ်းများဖြင့် တစ်ဦးကို တစ်ဦးချည်နှောင်မည်။ တစ်ဦးကို တစ်ဦး ထာဝရ ကြင်နာယုယရင်း ဘဝကို တေးသွားတစ်စင်းကဲ့သို့ ချိုမြိန်သာယာစွာ လွင့်မြောစီးဆင်းစေမည်ဖြစ်ကြောင်း ဝန်ခံကတိပြုအပ်ပါသည်..”
YOU ARE READING
" မိုးစက်ပုံပြင် "
Romance" မိုးစက်ပုံပြင် " မိုးဖွဲတွေကြား ငါတွေ့ခဲ့ဖူးတဲ့ အချစ်တစ်ခု မိုးရွာတိုင်း ငါပြန်ရှာဖွေနေဆဲ ဒါပေမယ့်.... မတွေ့ခဲ့....။ မိုးရေတွေရဲ့အကြား နက်ရှိုင်းတဲ့အချစ်တစ်ခုနဲ့အတူ ချစ်သူတစ်ယောက်ကို ရိုးရှင်းစွာရရှိခဲ့....။ တစ်ဖွဲဖွဲရွာနေတဲ့ မိုး...