Between us 🔼7🔽

5.6K 545 34
                                    

မီးငွေ့အခိုးတလူလူကြားကမြင်ရတဲ့ ညကောင်းကင် . . သစ်ပင်တွေရဲ့ထိပ်ဖျားက ကြယ်တချို့က ညနက်လာတာနဲ့အမျှအရောင်ပိုတောက်ပလာသလို . .

ကြယ်တွေပိုစုံလာခဲ့တာပဲ . . ကြယ်ကြည့်တဲ့ ကမ်းပါးကနေ စောစောပြန်လာခဲ့မိတာကို ကျွန်တော်အခုမှနောင်တရချင်လာတယ် . .

ကျွတ် . . အဲ့ဒါ ဘယ်သူ့ကြောင့်လဲ . .

ပြန့်ကျဲကျနေတဲ့ မီးစာတွေကိုတုတ်ချောင်းလေးနဲ့စုပေးနေရင်း အညှောင့်ထွက်လာတဲ့အလိုမကျစိတ်နဲ့ ပြာပုံကိုကျွန်တော် တုတ်နဲ့စွမိတယ် . . မီးပုံအလယ်က မီးညွန့်ကလေးက တယိမ်းယိမ်းတနွဲ့နွဲ့ . . သစ်ရွက်စိမ်းတစ်ချို့မီးဟပ်တဲ့အသံကတဖျောက်ဖျောက် . . .

ခပ်သင်းသင်းမွှေးပျံ့လာတဲ့ မီးကျွမ်းနံ့ကြောင့် ပြာပုံအလယ်ကို တုတ်ဖျားနဲ့ယက်ထုတ်လိုက်တော့ အပေါ်ခွံကျွမ်းနေတဲ့ ကန်စွန်းဥ တစ်ချို့ထွက်လာတယ် . .

အကျီ င်္လက်ဖျားကိုဆွဲချ ကန်စွန်းဥပူပူကိုအုပ်ပြီး ထက်ပိုင်းချိုးချလိုက်တယ် ထင်းကနဲဝင်းပလာတဲ့ရွှေဝါရောင်ကန်စွန်းဥအတွင်းသားနဲ့ တလူလူထနေတဲ့အပူငွေ့ . .

မျက်လွှာပင့်မကြည့်မိစေရပဲ ဘေးမှာထိုင်နေတဲ့သူ့ဆီ ကန်စွန်းဥထက်ပိုင်းကို ကမ်းပေးတဲ့အခိုက် ထိတွေ့မိတဲ့လက်ဖျားတွေက ရေခဲလိုစိမ့်အေးနေတယ်. . ဂျာကင်တစ်ထည်ကလွဲအကာအကွယ်ကင်းမဲ့နေတဲ့သူ့ကိုသတိမူမိပြန်တော့. .ကျင့်သားရနေတဲ့ဂရုစိုက်လိုစိတ်က ပေါင်ပေါ်က ခြုံစောင်ပါးစီလက်ရွယ်မိစေပေမယ့် . .

ဟာ . . မသိဘူးကွာ အေးပါစေ . .

''အား . . ပူလိုက်တာ . . ''

လျာဖျားကျက်သွားစေတဲ့ အပူကြောင့် ကျွန်တော်မျက်ရည်ပါလည်သွားတယ်ဖြန်ဖြေမရတဲ့အတွင်းစိတ်ပဋိပက္ခနဲ့အငွေ့မသေသေးတဲ့ကန်စွန်းဥကိုအငြိုးထားခဲမိတော့ . .

စိတ်ပေါက်ပေါက်နဲ့ကန်စွန်းဥပိုင်းကိုလွှင့်ပစ်မိတဲ့ကျွန်တော့်ကို သူ တွေတွေဝေဝေငေးနေတယ် . .

ဒီလိုပဲ . . . စိတ်အခြေမကျရင် ဘယ်ဟာကမှ . .

'' ကျွန်တော် အိပ်တော့မယ် . . ''

Between us || KrisYeol OTP Completed ||Where stories live. Discover now