တစ်ဦးတည်းသာ. .(၀၈)

1.9K 287 74
                                    

ဘယ်လိုမှကိုစဉ်းစားလို့မရပါဘူး...

တညလုံးကိုယ်နှိပ်စက်ထားလို့( အလကားနေဘာကိုမှန်းမသိဝမ်းနည်းပြီး မျက်ရည်ကျ အိပ်မရတိုင်း ဂျီပူဂျစ်ကျ သူ့ကိုပါအတူတူအိပ်မရအောင်လုပ်မိတာကိုဆိုလိုပါတယ်) ခုထက်ထိနိုးမလာနိုင်သေးပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဆဲဖြစ်တဲ့ မျက်နှာလေးတစ်ခုကို မိုးလင်းကာစကိုယ်နိုးလာကတည်းက တစိမ့်စိမ့်ထိုင်ကြည့် ဖြစ်ညှစ်စဉ်းစား တွေးတောအဖြေထုတ်နေခဲ့ပေမယ့် ......

သူနဲ့ကိုယ့်ကြားမှာရင်းနှီးပတ်သတ်မှုတစုံတရာရှိတယ်ဆိုတာလောက်ကလွဲရင် ( ဒါတောင်ကိုယ့်ဟာကိုယ်သိနေတာမဟုတ်ပဲ ဘေးကပြောတဲ့စကားတွေ ဟိုတစ်ခုဒီတစ်ခုဆက်စပ်ပြီး မှတ်မိသယောင်ယောင်ဖြစ်နေတာလားတောင်မသိ ) ဘယ်လိုအကြောင်းအရာအမှတ်တရ တစ်ခုခုကိုတောင်မှ ခေါင်းထဲမှာပေါ်မလာ...

ချစ်ခဲ့ကြတယ်ဆို... လက်တောင်ထပ်ခဲ့ကြတယ်ဆို...

ဒါဖြင့်ရင် ဒီလောကမှာ အရင်းနှီးဆုံးတစိမ်းဖြစ်ခဲ့ဖူးတဲ့ ဒီလူနှစ်ယောက်ကြားမှာ ဘယ်နားကနှိုက်ထုတ်ထုတ်တစ်ခုမဟုတ် တစ်ခုသောထူးခြားဆန်းပြားတဲ့ခံစားချက်တို့ အမှတ်တရတို့ရှိကိုရှိနေရမှာပေါ့...

ဒါနဲ့တောင်ဘာလို့ကိုယ့်မှာစဉ်းစားမရနိုင်တာပါလိမ့်...

သူကတော့မှတ်မိနေမှာလား...

မှတ်မိနေမှာပေါ့... သူကကိုယ့်လိုစိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေတဲ့လူမှမဟုတ်တာ...

ဘယ်မှာစတွေ့ခဲ့ကြတယ်ဆိုတာ... ဘယ်လိုမျိုးချစ်သူတွေဖြစ်ခဲ့ကြတယ်ဆိုတာ... ဘယ်လိုရူးသွပ်ပေါက်ကွဲတဲ့မြတ်နိုးခြင်းတွေနဲ့လက်ထပ်ဖြစ်ခဲ့ကြတယ်ဆိုတာ...

သူကတော့အားလုံးမှတ်မိသိရှိနေမှာပဲ ... လို့တွေးလိုက်မိတော့ မနာလိုပဲဖြစ်ရတော့မလိုလိုဘာလိုလို...

ကိုယ်ဆိုတာက ကိုယ့်ရင်ထဲကအချစ်ကို တစ်ယောက်ယောက်ဆီပေးဆပ်အပ်နှင်းဖို့ ဘယ်လောက်အထိတွန့်တိုနှမျောတသ သံသယကြီးမားသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်အသိဆုံးမို့ တစ်ယောက်ယောက်နဲ့တစ်ဘဝလုံးစာလက်တွဲဖို့ဆုံးဖြတ်ဖြစ်ခဲ့တယ်ဆိုရင် အဲ့ဒီလူအပေါ်ကိုယ့်နှောင်တွယ်မြတ်နိုးမှုကဘယ်လောက်ထိနက်ရှိုင်းအားကြီးနေခဲ့လို့လဲဆိုတာဟာလည်း နှစ်ခါပြန်တောင်စဉ်းစားဖို့မလိုတဲ့ကိစ္စ...

Between us || KrisYeol OTP Completed ||Where stories live. Discover now