'' အား... ဖြည်းဖြည်းချပါ Chanyeolli ရဲ့ ''
ကိုယ့်လက်ထဲကနေဗြန်းကနဲယောင်ယမ်းလွှတ်ချမိတဲ့ မည်းပြဲပြဲစိုစိစိအရာတွေကမြေကြီးနဲ့ရိုက်ပြီးဗွက်ကနဲပြန်စင်ကုန်တာကို ခုန်ပေါက်ရှောင်ရှားရင်း phill အော်နေတာကိုဂရုမထားနိုင်.....
အသံတစွန်းတစကြားမိသလိုရှိတဲ့ ဟိုးအိမ်ကြီးရဲ့အပေါ်ထပ်ဝရံတာဆီ နားကိုစွင့်ရင်းစွင့်ရင်းအားမလိုအားမရနိုင်လာတော့ မျက်နှာကောလည်ပင်းပါစောင်းရုံမက တကိုယ်လုံးပါလိမ်လုနီးနီးအချိန်မှာ...
'' ဟား...ဟား...ဟား......''
လေသင့်ရာမွှေးတာတော့မဟုတ်ပေမယ့် လေသင့်ရာလွင့်လာတဲ့ရယ်သံကျယ်ကြီးတစ်ခုကိုကြားလိုက်ရတော့ လူကနဂိုနေဟန်ထားကိုဆတ်ကနဲအလိုလိုပြန်ရောက်သွားရပြီး......
'' တက်ရင်လည်းတက်သွားပါလား Chanyeol sii ရယ်... Fan ကခင်ဗျားသွားနားထောင်နေလည်းနှင်တော့ထုတ်ပါ့မလား ''
နှင်ထုတ်တာပေါ့... အခုပဲ ကော်ဖီခွက်ချမလိုလိုနဲ့ဝရံတာဆီသွားမိတဲ့လူကို '' အပင်တွေမြေသြဇာကျွေးပြီးဆေးထည့်နေတယ် ခြံစောင့်တစ်ယောက်ထဲနဲ့မပြီးနိုင်လို့ phill ကိုပါကူခိုင်းထားတယ် မင်းလည်းသွားကူလိုက်ဦး '' ဆိုပြီးပထုတ်လိုက်လို့ ဒီကိုရောက်လာရတာမဟုတ်ဘူးလားလို့......
ရယ်သံကျယ်ဆီပို့လွှတ်လို့မရတဲ့မျက်စောင်းကို ကိုယ့်ရှေ့က phill ဆီပဲစိတ်ရှိလက်ရှိဒိုင်းကနဲ ပစ်သွင်းပြီးတော့...
'' ခင်ဗျားကဘာလို့ သူ့ကိုခေါ်လာလဲ... ခင်ဗျားခေါ်မလာရင်သူမရောက်ဘူး သူမရောက်ရင်ကျွန်တော်လည်းအခုလို နောက်ချေးကိုင်နေစရာဘာအကြောင်းမှမရှိဘူး ''
'' အလိုဗျာ ဘယ်လိုများပတ်သတ်လို့ပါလိမ့် ''
Phill ကရယ်ကျဲကျဲမျက်နှာမှာ နောက်ချေးနဲ့မြေဆွေးရောထားတဲ့ မြေသြဇာကိုင်ထားတဲ့လက်နဲ့ချွေးသုတ်လိုက်တော့ အမည်းစင်းကြောင်းကထင်းကနဲ...
ပြောက်ကျားတပ်သားလိုဖြစ်သွားတဲ့ phill မျက်နှာစပ်ဖြဲဖြဲကိုလည်း ရယ်ချင်စိတ်ကဖြစ်မလာပါဘူးနော်... ဟို ပလွှားမော်ကြွားတဲ့မျက်နှာခပ်ပင့်ပင့်နဲ့ ဒီနေရာအထိလိုက်လာပြီး လူမမာ(အယောင်ဆောင်) ရဲ့သတင်းကိုမေးရတဲ့ Lynn ဆိုတဲ့မိန်းမကိုလည်းမကျေနပ်......