၎။ ရှန်းသခင်မကြီး

4.5K 430 12
                                    

ဆောင်းဦးချိန်တန်လျင် မြောက်အရပ်ဆီမှ ဆောင်းခိုငှက်တို့ နွေးထွေးရာ တောင်အရပ်ဆီ စီကာတန်းကာ ပျံလာတတ်ကြသည်။ နွေဂိမာန်၏ ရက်စက်သော အမုန်းငွေ့တို့ ဆောင်းဦးလေကြောင့် ကြွေလွင့်စပြုပြီ။ ရေကန်ငယ်တွင်းမှ ရောင်စုံငါးကလေးများလည်း ယခင်လို ဗျာမများတော့ဘဲ တည်ငြိမ်လာကြသည်။

မိန်းမငယ်၏ ပိတုန်းရောင်ကေသာနွယ်အား ကော့ပျံတက်သော အထုံးအဖွဲ့များနှင့် ဆင်မြန်းထားပြီး သန္တာနီရောင် ဆံထုံးတစ်ခုနှင့် ထိန်းခံထားလေသည်။ သူမ ဝတ်ဆင်ထားသော အနီရင့်ရင့် ဝတ်ရုံမှ တိမ်နှင့် ဆောင်းခိုကြိုးကြာပန်းထိုးတို့က သူမ၏ သွယ်လျနုနယ်သော ကိုယ်ဟန်ကို ပို၍ ပေါ်လွင်နေစေသည်။

ပိုင်လုက ပန်းထိုးအလှဆင်ခြုံထည်အား ရှန်းမြောင်ကိုယ်၌ ခြုံပေးရင်း ဆိုလေသည်။ "မမလေး ကျန်းမာရေးက အရှင်းသား ပြန်ကောင်းသေးတာလည်း မဟုတ်... အအေးပြန်မိမှာ စိုးတယ်... ဂရုစိုက်ပါဦး..."

ရှန်းမြောင် ခေါင်း အသာ ခါလိုက်သည်။

သူမ ကိုယ်ဟန်မှာ သေးသွယ်နေသေးပြီး ရှန်းယွဲ့ ရှန်းချင်းတို့လောက်လည်း အရပ်မမြင့်လာသေးပေ။ သူမ မျက်နှာကလေးမှာ ဝိုင်းနေသေး၍ ခါတိုင်း စိုးရွှံ့နေဟန်ပေါ်တတ်သော သူမ၏ နုနယ်သော သွင်ပြင်လက္ခဏာတို့နှင့် ပေါင်းစပ်လိုက်သောအခါ သူမ လက်ရှိအသက်ထက် နှစ်အနည်းငယ်မျှ ပို၍ ငယ်နုသွားသယောင်။ ၁၁ နှစ် ၁၂ နှစ်မျှသာဟု ထင်ရလေသည်။

သို့သော် ယနေ့တော့ တမူ ထူးခြားနေလေသည်။

ရွှမ်းကျန်း ဘေးမှနေ၍ ကြည့်နေရင်းက စိတ်ထဲ ထူးထူးခြားခြားတော့ ခံစားနေမိသည်။

မိန်းမငယ်၏ အသားအရည်က ဖြူဖျော့ဖျော့၊ ပိန်သွယ်ညက်သူ ဖြစ်သမို့ သူမ မျက်နှာမှာ အပြုံးအရယ်မရှိသော်လည်း အေးစက်စက်ဟု မထင်ရစေပေ။ သို့သော် ခံစားချက်မရှိ၊ မခံစားတတ်သကဲ့သို့သာဖြစ်နေသည်။ ကောင်းကင်ယံသို့မော့ကြည့်သောအခါများမှသာ လွမ်းဆွေးနေဟန် တစွန်းတစထင်ဟပ်လေသည်။ ယခင်ကလို သူမ ရပ်နေခြင်းဖြစ်သည်။ သို့သော် တင့်တင့်တယ်တယ်ရှိလှသည်။ နေ့ချင်းညချင်း ထူးခြားပြောင်းလဲသွားသည့်အလား၊ သူမ ဝန်းကျင်၌ပင် ကျက်သရေအပေါင်း ခညောင်းနေသယောင်။

ငြိုးသူ့ကလဲ့စားWhere stories live. Discover now