၁။ မိဖုရားခေါင်ကြီးအား နန်းချခြင်း

11.6K 500 10
                                    

နွေဝင်ခါစ နေကစောင်းပြီဆိုလျင် မိုးပြေးကလေးများ ရွာတတ်သည်။

ကောင်းကင်ကြီးက မှောင်နေသည်။ တိမ်မည်းများက နန်းတော်တစ်ခုလုံးအား အုပ်မိုးထားသည်။ ယခင်တစ်ချိန်က ခန်းနားလှပခဲ့သော နန်းဆောင်တစ်ခုလုံး မိုးတိမ်မည်းတို့ အုပ်မှိုင်းမှုကြောင့် လှောင်ချိုင့်ကြီးသဖွယ် မှောင်မိုက်နေသည်။ နန်းဆောင်တွင်းရှိသူများအား ပိတ်လှောင်ထားသဖွယ်။

အခန်းကျယ်ကြီးများ၌ ခန်းစီးလိုက်ကာများ နွမ်းကာ အိုဟောင်းနေသည်။ ဖုန်က အလိမ်းလိမ်း။ ရာသီဥတုက ပူလောင်သည်။ သို့သော် နန်းဆောင်အတွင်း၌ ချမ်းစိမ့်နေသည်။ အဝတ်အစား လက်ဝတ်ရတနာများ လေဆင်နှာမောင်းတိုက်ခတ်သွားသို့ ကြမ်းအပြင်၌ ပြန့်ကျဲကြကာနေသည်။

အမျိုးသမီးတစ်ဦး ဒူးထောက်ကာ သူမရှေ့မှ လူအား ကြည့်နေသည်။

ဤအမျိုးသမီးမှာ အသက်သုံးဆယ်ကျော်မျှသာရှိသေးသည်။ သို့သော် သူမ မျက်နှာမှာ အိုမင်းရင့်ရော်နေလေပြီ။ သူမ မျက်ခုံးများမှ အမုန်းတရားအား မြင်တွေ့နိုင်သည်။ သူမ မျက်ဝန်းများက ရေသေလို တည်ငြိမ်နေသည်။ ရေတွင်းဟောင်းသကဲ့သို့ မျက်ရေများခမ်းခြောက်နေသည်။ သို့သော် အမုန်းတရားပြည့်နက်နေသော ထိုတွင်းနက်များက အခြေမရှိ။

"မယ်မယ်... ကျေးဇူးပြုပြီး..." နံဘေးရှိ ကုန်းကုန်းက လက်တွင်းမှ ပိုးဖြူစအား ထိုးထည့်ပေးလေသည်။ သူ့လေသံက စိတ်မရှည်မှုအား မဖုံးကွယ်ထားနိုင်။ "ကျွန်တော်မျိုး အရှင်မင်းကြီးကို ကိစ္စပြီး မပြီး တင်ပြရပါဦးမယ်..."

ရှန်းမြောင် အကြည့်က ထိုမိန်းမစိုးထံသို့ကျရောက်လာသည်။ သူမ အတ်နကြာအောင် နှုတ်ဆိတ်နေပြီးမှ အသံအက်ရှရှဖြင့် ဖြည်းဖြည်းပြောလာသည်။ "ရှောင်လိဇီ... ပန်ကုန်း မင်းကို ရာထူးမတိုးပေးခင်က မင်းက ကော်ကုန်းကုန်းဘေးနားက ခွေးတစ်ကောင်အဖြစ်ဘဲ ရှိနေသေးတယ်..."

ထိုမိန်းမစိုးက မောက်မာစွာ ခေါင်းမော့လိုက်သည်။ "မယ်မယ်... အတိတ်နဲ့ ပစ္စုပ္ပန်က မတူတော့ဘူးလေ..."

"အတိတ်နဲ့ ပစ္စုပ္ပန်က မတူတော့ဘူး..." ရှန်းမြောင်ရေရွတ်လိုက်ပြီး ခေါင်းမော့ကာ ရယ်လေတော့သည်။ "ကောင်းလိုက်တာ... 'အတိတ်နဲ့ ပစ္စုပ္ပန်က မတူတော့ဘူး'တဲ့..."

ငြိုးသူ့ကလဲ့စားOpowieści tętniące życiem. Odkryj je teraz