၁၂။ ကွေ့မောမော

3.7K 414 0
                                    

ရှန်းမြောင် ကျောင်းမှရှန်းအိမ်တော်သို့ပြန်ချိန်တွင် ကောင်းကင်မှာအနည်းငယ်မှောင်စပြုနေလေပြီ။

ရှန်းယွဲ့နှင့် ရှန်းချင်းကတော့သူမနဲ့အတူ ပြန်မလာသေးပေ။ ရှန်းမြောင်လည်း သူတို့နှင့် ပတ်သက်၍ စိတ်အနှောက်အယှက်မဖြစ်ချင်ပါ။ရှန်းသခင်မကြီးကတော့ အခုချိန်ဆိုအနားယူနေပြီမို့ သူမ အနောက်အိမ်တော်ကိုသာပြန်လာခဲ့လိုက်တော့သည်။

သူမအိမ်တော်သို့ရောက်သောအခါ အလွန်နွေးထွေးသောအသံက သူမအား ကြိုလင့်နေသည်။ "သခင်မလေး နောက်ဆုံးတော့ပြန်လာပြီဘဲ... သခင်မလေး ရေကန်ထဲပြုတ်ကျတယ်ဆိုလို့ ဒီအစေခံမကြီးက စိတ်ပူနေခဲ့တာ... ဒါပေမဲ့ အခုတော့သခင်မလေးကြည့်ရတာ ကျန်းမာတဲ့ပုံဘဲမို့လို့ ဒီကျွန်မစိတ်အေးရ
ပါပြီ..."

ရှန်းမြောင် အသံလာရာဘက်သို့ကြည့်လိုက်တော့ အသက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးတစ်
ယောက် သူမဆီလျှောက်လာတာကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးမှာ အသက်လေးဆယ်ဝန်းကျင်သာရှိသေးပြီး အရပ်အနည်းငယ်ရှည်သည်။ ပြီးတော့ ညိုသောအသားအရေနှင့် မလိုက်ဖက်စွာ
အစိမ်းရောင်ဂါဝန်အား ဝတ်ဆင်ထားသည်။ ကြည့်လိုက်ရင်တော့သာမာန်ပေမယ့် ပစ္စည်းကောင်းကိုသာ ဝတ်ဆင်ထားသည်။ သူမ၏လက်ကောက်ဝတ်တွင်ငွေရောင်လက်ကောက်အထူကို ဝတ်ထားသလို မျက်နှာမှာအလွန်ပြုံးချိုနေသည်။

"ကွေ့မောမော" ရှန်းမြောင် အသံယဲ့ယဲ့လေးဖြင့် ပြန်ခေါ်လိုက်သည်။

ထိုအမျိုးသမီးဟာ သူမအမှားလုပ်ထားတယ်လို့ထင်ပြီးဆက်ပြောခဲ့သည်။ "ဒီအစေခံမကြီးက သခင်မလေးဆီ စောစောလာခဲ့ချင်ပေမယ့် ရန်းအာကအဖျားကြီးပြီး အကြောတွေတက်နေတာ
မို့ ပြန်လှည့်ခဲ့ရတာ... ရွေးချယ်စရာလည်းမရှိလို့ပါ... ရန်းအာကိုသူ့အမေဆီပို့ပေးပြီးတော့အိမ်တော်ကို အရင်ဆုံးပြန်လာခဲ့တာပါ... သခင်မလေး အဆင်ပြေတယ်ဆိုတော့ ဒီကျွန်မရင်အေးရပါပြီ..."

ထိုစကား၏ရည်ရွယ်ချက်မှာ သူမ၏နှလုံးသားထဲတွင် သူမ၏မြေးထက် ရှန်းမြောင်က ပိုပြီးအရေး
ပါသည်ဆိုတာကို ပြောချင်လို့ဖြစ်သည်။ ပုံမှန်အတိုင်းဆိုရင် ရှန်းမြောင်ကထိုစကားတို့ကိုကြား
ပြီးလျှင် အလျင်အမြန်ကွေ့မောမောကိုဆေးအချို့ပေးလိုက်မည်ဖြစ်သည်။ မောမော၏မြေးအတွက်ပေါ့။

ငြိုးသူ့ကလဲ့စားDonde viven las historias. Descúbrelo ahora