၃၉။ ဒေါသထွက်စေခြင်း

4.2K 483 3
                                    

ရှန်းမြောင် ဆီးပန်းတောထဲမှထွက်လာသောအခါမှ ကူယွိနဲ့ ကျင်းကျီလည်း စိတ်သက်သာရာရသွားသည်။ ကျင်းကျီသည် ဆီးပန်းတောထဲသို့ချောင်းကြည့်လိုက်သောအခါ ဘာမှမတွေ့ရတဲ့အတွက် သံသယဖြစ်စွာနဲ့မေးခဲ့တယ်။ "ဘာကြောင့် တစ်ယောက်မှ မတွေ့ရတာလဲ...?"

ရှန်းမြောင်လည်း တစ်ချက်လှမ်းကြည့်ခဲ့တယ်။ သစ်တောထဲမှာရှိတဲ့သစ်ရွက်တွေဟာ တိုက်ခတ်လာသော လေပြည်နုကြောင့် ညင်သာသာလှုပ်ရှားနေကြတယ်။ ဘယ်လိုဖြစ်ပြီးတော့ အရိပ်အငွေ့ကလေးတောင်မှ မတွေ့ရတော့တာလဲ? ရှဲ့ကျင်ရှင်းသည်သိုင်းပညာလေ့ကျင့်ထားသူတစ်ဦးဖြစ်သည်။ ဖြစ်နိုင်တာကတော့ ကိုယ်ဖော့ကာ ပျံသန်းပျောက်ကွယ်သွားခြင်းဖြစ်နိုင်သည်။

သူမပြောခဲ့တယ်။ "သွားကြရအောင်..."

သူတို့ ပွဲဆီသို့ ပြန်ရောက်သောအခါ ဖုန်အန်းနဉ်သည် ကတိုက်ကရိုက်ပြေးလာပြီး မကျေမနပ်ပြောခဲ့တယ် "ငါတို့ဒီမှာစောင့်နေဖို့သဘောတူထားတာမဟုတ်ဘူးလား?... ငါလိုက်ရှာတာခေါင်းတောင်နောက်နေပြီ.... ပွဲထဲပြန်ရောက်တာတောင် နင့်ကိုမတွေ့ဘူး... နင်ဘယ်တွေသွားနေတာလဲ..."

"ဂန္ဓမာပန်းတွေ ကောင်းကောင်းပွင့်နေတာမြင်တော့ လှည့်ပတ်ပြီးကြည့်နေမိတာ..." ရှန်းမြောင်သည်ခေါင်းကိုမော့ပြီးစင်ပေါ်ကို ကြည့်လိုက်သည်။ "စကုန်ကြပြီလား..."

"နင် အတော်ကြာကြာ ပျောက်နေတာကို.... ယောက်ျားလေးအုပ်စုရဲ့ရွေးချယ်မှုအပိုင်းပြီးသွားပြီ...." ဖုန်အန်းနဉ် နှုတ်ခမ်းကလေး စူနေခဲ့သည်။ "အခုအချိန်ကယောက်ျားလေးအဖွဲ့ရဲ့ ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်မှုအပိုင်းရောက်နေပြီ...."

စင်ပေါ်ကလူငယ်ကယှဉ်ပြိုင်မှုအလယ်ထဲရောက်နေပြီ။ ပထမအဆင့်ကံစမ်းခြင်းအစီအစဉ်ပြီးသွားပြီဖြစ်တယ် ဒါပေမယ့်ရှန်းမြောင်ကရလဒ်ကိုဂရုမစိုက်ဘူး။ ဒုတိယအဆင့် ကိုယ်ကျွမ်းကျင်ရာစိတ်ကြိုက်ရွေးချယ်တဲ့အစီအစဉ်ရောက်နေပြီဖြစ်တယ်။

ရှန်းမြောင်၏မျက်လုံးသည် ပွဲရဲ့ဘယ်ဘက်အဝေးမှာရှိတဲ့ ပင်လယ်စိမ်းပြာရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားတဲ့လူငယ်ကိုကြည့်နေခဲ့တယ်။

ငြိုးသူ့ကလဲ့စားWhere stories live. Discover now