အဖြူနှင့်အနက်ဆေးသုတ်ထားသော ခြံဝန်းစည်းရိုးကျယ်များ၊ သံပုရာရောင် ကျောက်ခင်းကြမ်း၊ တိုင်လုံးများက မီးငှက်များအလား ရဲရဲနီလို့။ စင်္ကြံလက်ရမ်းများကို begonia ပန်းသဏ္ဋာန်ကြွရွနေအောင် ထွင်းဖော်ထားသည်။ တစ်ညလုံးမိုးရွာနေပြီးသောအခါ၊ သစ်ရွက်များပေါ်တင်ကျန်နေသော မိုးရေစက်များက လျှောကျလာကာ မြေသို့ခကုန်ကြတော့သည်။
ခရမ်းရွှေရောင် အမွှေးတိုင်ထွန်းခံအား သပ်ရပ်လှပစွာ သတ္တဝါငယ်တစ်ကောင်ဟန် ထွင်းထုထားသည်။
အမွှေးတိုင်မှာ အခိုးအငွေ့များက Costus မြစ်နံ့ သင်းလှိုင်နေသည်။ ဆောင်းဦးရာသီ၌ လန်းဆန်းလတ်ဆတ်သော ခံစားချက်ကို ပေးစွမ်ေးနလေသည်။ကုတင်ထောင့်လေးဘက်လေးတန်၌ အရောင်တောက်တောက် နံ့သာအိတ်ငယ်ကလေးများ ချိတ်ဆွဲထားသည်။ ညောင်စောင်းကုတင်နံဘေးတွင်တော့ အရပ်မြင့်မြင့် အိမ်စေမလေးနှစ်ဦးက ကုတင်ထက်လဲလျောင်းနေသူအား ယပ်အသာ ခပ်ပေးနေလေသည်။
"မမလေးက ဒီလောက်အေးတဲ့ရာသီဥတုထဲ ရေကန်ထဲကျသွားခဲ့တာ... အဖျားတော်တော်ပြင်းမှာပဲ... မမလေး တစ်ရက်နဲ့တစ်ညတောင် အိပ်နေခဲ့တာ... သမားတော်ကတော့ သူ နိုးသင့်နေပြီလို့ပြောတယ်... ဘာလို့ မနိုးသေးတာလဲမသိ..." အစိမ်းရောင်ဝတ်ဆင်ထားသော အိမ်စေမိန်းကလေးမှာ စိုးရိမ်စိတ်တို့အား မဖုံးဖိနိုင်ဖြစ်နေလေသည်။
"ကူယွိ... ခု ရှီချန်တစ်ဝက်တောင်ရှိနေပြီ... (၁ ရှီချန် = ၂ နာရီ) ဘာလို့ သမားတော်ရောက်မလာသေးတာလဲ..." ခရမ်းရောင်ဝတ်ဆင်ထားသော အိမ်စေမလေးက မေးလိုက်သည်။
"ဒုတိယသခင်မကြီးက ငေချာစဉ်းစားကြည့်ပြီး ပြောတယ်တဲ့... ဒါက ရှက်စရာကောင်းတဲ့ ကိစ္စမို့လို့ ... အိမ်တော်က ဖုံးဖိထားရမယ်တဲ့ ..." ကူယွိက ကုတင်ပေါ်မှ သူမအား ငေးကြည့်နေလိုက်သည်။ "သခင်မကြီးနဲ့ သခင်ကြီးက မြို့တော်မှာ မရှိဘူး... ပထမ်သခင်လေးကလည်း မြို့တော်နဲ့ အဝေးမှာ... လောင်ဖူးရန်ကလည်း အရှေ့ခြံကို ဘက်လိုက်တယ်... ပိုင်လုနဲ့ ရွှမ်းကျန်းတို့ သမားတော်သွားပင့်တာ ပြန်မရောက်သေးပုံထောက်ရင်... သူတို့ကို တားလိုက်တာဖြစ်မယ်... ဒါမမလေးကို သေတွင်းဝတွန်းပို့လိုက်တဲ့ သဘောပဲ မဟုတ်လား... ဒီလိုတော့ မဖြစ်ဘူး... ငါ သွားကြည့်လိုက်မယ်..."
أنت تقرأ
ငြိုးသူ့ကလဲ့စား
أدب تاريخيThe Rebirth Of Malicious Empress In The Military Lineage ကို No_Cause နဲ့ ပူးပေါင်းပြီး မြန်မာဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။