ဟန်နိုင်ငံဘုရင်မင်းမြတ်အားဂိုဂူလျောမင်းကြီးကိုယ်တိုင်သွားရောက်ကြိုဆိုလာပြီးနန်းတော်အတွင်းလှည့်လည်ပြသနေစဉ်အရှေ့သို့ရုတ်တရက်ရောက်လာသောသံသယရှိဖွယ်၀တ်စုံအမည်းများဖြင့်လူတစ်စု။ ဟန်နိုင်ငံဘက်မှလူများလည်းအရမ်းလန့်သွားကာမင်းကြီးကိုယ်တိုင်လည်းအရမ်းထိတ်လန့်သွားသည်။ဘေးတွင်ကပ်လျက်ပါလာသောကိုယ်ရံတော်တပ်ဖွဲ့မှာမင်းကြီးတို့အားလုံးအားအန္တရာယ်မပေးနိုင်ရန်၀န်းရံလိုက်သည်။
၀တ်စုံအမည်းဖြင့်လူများသည်အခုထိကြောင်ပြီးရပ်ကြည့်နေကြဆဲ။ ထိုစဉ်မင်းကြီးမှ "သူတို့ဘာတွေလဲသိရအောင်ဖမ်းစမ်း!! နန်းတော်ထဲထိလုပ်ကြံဖို့၀င်ရဲတယ် ဖမ်းစမ်း!!"
မင်းကြီးအမိန့်ကြောင့်၀တ်ရုံအမည်းဖြင့်လူမ်ားနောက်သို့ခြေတစ်လှမ်းဆုတ်မိကြသည်။ အချင်းချင်းပူးကပ်သွားကာတုန်ယင်နေကြသည်။ကိုယ်ရံတော်တပ်ဖွဲ့မှတစ်ယောက်ကစထွက်လာကာတိုက်ခိုက်သည်။ ထို၀တ်ရုံအမည်းဖြင့်လူများထဲမှတစ်ယောက်ကရှေ့တွင်အကုန်လုံးကိုကာပေးကာတိုက်ခိုက်သည်။တျခားသူမ်ားကတော့မတ်မတ်တောင်မရပ်နိုင်တော့ဘဲထိုင်လျက်တစ်ယောက်လက်တစ်ယောက်ကိုင်ကာကြောက်နေကြသည်။ ကိုယ်ရံတော်အဖွဲ့မှလူများလာလေ၊သူတို့ပိုကြောက်လေ။ဓါးများကိုတောင်ပစ်ချပြီးကြောက်နေကြသည်။တစ်ယောက်ကသာသူတို့အားလုံးကိုမထိခိုက်ရန်အသည်းအသန်ကာကွယ်တိုက်ခိုက်နေရသည်။
ရပ်ကြည့်နေကြသောမင်းကြီးအပါအ၀င်အကုန်လုံးသံသယဖြစ်လာကြသည်။လုပ်ကြံသူများအားလုံးပေါင်း၇ယောက်တွင်၁ယောက်ကသာခုခံနေသည်ကိုဘယ်လိုမှနားမလည်နိုင်။ ဟန်နိုင်ငံမင်းကြီးသည်လည်းနားမလည်နိုင်သောမျက်လုံးများဖြင့်။သူ၏သမီးတော်များသည်လည်းတိုးတိုးတိုးတိုးဖြင့်။
"သူတို့ကလုပ်ကြံသူတွေမဟုတ်ဘူးလား?"
"လုပ်ကြံသူတွေမို့အဲ့လို့၀တ်ထားတာမဟုတ်ဘူးလား?"
"ဒါဆိုဘာလို့မတိုက်ခိုက်တာလဲ?"
"ဟိုတစ်ယောက်ပဲတိုက်ခိုက်နေတာကြာရင်..."
တီးတိုးပြောနေသောမင်းသမီးလေးယောက်အားဟန်နိုင်ငံဘုရင်မင်းမြတ်ဘေးကပ်လျက်မှတစ်ယောက်ကလှည့်ကြည့်လိုက်သောအခါစကားသံများရပ်တန့်သွားသည်။