6

755 58 0
                                    

"ကျေးဇူးတင်စရာမလိုပါဘူး ကူညီသင့်လို့ကူညီတာပါမင်းသမီး"

ထိုမဟူရာဆိုသည့်သူ၏မင်းသမီးအခေါ်ကြောင့်အကုန်လုံးမျက်လုံးပြူးကုန်ကြသည်။ ထိုသူဘယ်လိုများသိနေခဲ့သနည်း။

မဟူရာဆိုသည့်သူကလည်းအားလုံးအံ့သြသွားသည်ကိုသိသည်ထင်သည်။တစ်ချက်ပြုံးကာ

"မင်းသမီးတို့မမှတ်မိဘူးထင်တယ် မှတ်မိသင့်..."

မဟူရာ၏စကားသံသည်ရုတ်တရက်ရပ်တန့်သွားသည်။
ထို့နောက်Baekhyun၏၀တ်စုံပခုံးနားသို့တတောက်တောက်ဖြင့်ကျလာသောသွေးများ။

မျက်တောင်တစ်ခတ်အတွင်းမှာပင်ဖြစ်ပျက်သွားသည်များ။ Xiuminတို့အားလုံးထိတ်လန့်သွားကာအော်မိ၍ကိုယ့်ပါးစပ်ကိုယ်ပြန်အုပ်ကြရသည်။

H:"Baek....Baek...ရ..ရရဲ့လား?"

Baekhyunတစ်ယောက်လှုပ်ပင်မလှုပ်နိုင်။ကြောင်နေမိသည်။သူမအရှေ့တည့်တည့်တွင်အနည်း​မျှသာ ​ကွာဝေး တော့သောမဟူရာဆိုသူအားကြောင်ကြည့်နေမိဆဲ။

X:"Baek....Baek!"

Xiuminအသံကြောင့်Baekhyunကြောင်နေရာမှ

BH:"အစ်မXiu...အစ်မXiu...သွေး...သွေး..."

X:"ဘယ်နားထိသွားလဲ? ဘယ်နားထိသွားသေးလဲ?"

BH:"ဟင့်အင်း မထိဘူး မထိဘူး ဒါပေမယ့်...သွေးတွေ...သွေးတွေ..."

သူတို့အားလုံးBaekhyunအားလက်တစ်ဖက်ဖြင့်ထိန်းထားသောမဟူရာဆိုသူအားကြည့်မိကြသည်။

မဟူရာဆိုသူမှအရမ်းလန့်သွားသောBaekhyunအားသေချာကြည့်ကာBaekhyunခေါင်းအားတစ်ချက်သာသာလေးပုတ်၍

"မကြောက်နဲ့နော် ဘာမှမဖြစ်ဘူး အဲ့ဒီ့သွေးတွေကမင်းသွေးတွေမဟုတ်ဘူးလေ"

Baekhyunအားချော့သလိုပြောပြီးမတ်မတ်ရပ်ကာလက်ထဲတွင်သေချာဆုပ်ကိုင်ထားသလိုဖြစ်နေသောသွေးအလူးလူးဖြင့်ဓါးတိုအားပစ်ချလိုက်သည်။

ဖြစ်ပုံကဒီလို။မဟူရာ Xiuminတို့နှင့်စကားပြောနေစဉ် ဆိုင်တံခါး၀မှာBaekhyunရှိရာတည့်တည့်သို့၀င်လာသောဓါးပျံကိုသတိထားမိလိုက်၍Baekhyunအားဓါး၏လားရာမှအနည်းငယ်တစ်ဖက်သို့ဆွဲကာထိုဓါးအားလက်ဖြင့်ဖမ်းတားလိုက်ခြင်းဖြစ်သည်။

နန်းတွင်းအရှုပ်တော်ပုံWhere stories live. Discover now