ဒီနေ့နဲ့ဆိုသုံးရက်မြောက်ရှိပြီ။
ဖခမည်းတော်ကနန်းတော်တွင်လုပ်စရာကိစ္စများရှိ၍ပြန်သွားသော်လည်းXiuminတို့မောင်နှမတွေကတော့ဒီမှာသာကျန်နေခဲ့ရသည်။မယ်တော်ကလည်းလေ့လာစရာရှိတာလေ့လာကြည့်ကြရန်သေချာမှာခဲ့သည်။သို့သော်အခုထိဘာမှသေချာမလေ့လာရသေး။ Xiuminတို့မောင်နှမတွေကိုအဆောင်ကိုယ်စီထားပေးကာသေချာဂရုစိုက်ပေးကြပါသည်။မိဖုရားခေါင်ကိုယ်တိုင်တောင်နန်းတော်တွင်းသေချာလိုက်ပြ၊သိသင့်သိထိုက်တာတွေပြောပြ။ပြီးတော့သူတို့နဲ့လက်ဆက်ရမည်ဆိုတဲ့မင်းသားတွေအကြောင်းလည်းပြောပြသေးတယ်။သို့သော်သတင်းသာကြားရပြီးထိုမောင်နှမ၇ယောက်သည်ကြက်ပျောက်ငှက်ပျောက်ပျောက်နေကြသည်။အစအနတောင်ရှာမတွေ့။
H:"အစ်မ ဘာတွေစဉ်းစားနေတာလဲ?"
Suhoအသံကြားတော့Xiuminအတွေးပျက်သွားသည်။
X:"ဘာမှမဟုတ်ပါဘူး ထိုင်လေ ဘာကိစ္စများရှိလို့လဲ?"
H:"အငယ်လေးတွေကSuဆီရောက်လာတယ်အစ်မ သူတို့နန်းပြင်မှာဘာတွေရှိလဲလျှောက်ကြည့်ချင်လို့တဲ့ ဒီနေ့ပွဲတစ်ခုရှိတယ်လို့လည်းကြားတယ်တဲ့ အဲ့ဒါအစ်မဘယ်လိုသဘောရလဲSuလာမေးတာပါ"
X:"သူတို့လေးတွေလည်းဒီရောက်တုန်းလည်ချင်မှာပေါ့ သွားကြမယ်လေ ဒါပေမယ့်မိဖုရားခေါင်ဆီကတော့ခွင့်တောင်းသွားမှဖြစ်မယ်"
H:"ဟုတ်ကဲ့"
ဒီလိုနဲ့ပဲXiuminနဲ့Suhoနှစ်ယောက်မိဖုရားခေါင်ဆီရောက်လာခဲ့တယ်။
"မင်းသမီးXiuminနှင့်မင်းသမီးSuhoတို့ရောက်ရှိကြောင်းပါမိဖုရားခေါင်"
အပြင်မှကုန်းကုန်း၏လျှောက်တင်သံကြားကြားချင်းခွင့်ပြုပေးလိုက်၏။
မိမိရှေ့တွင်ရိုကျိုးစွာထိုင်နေသောမင်းသမီးနှစ်ပါး။ဒီသုံးရက်အတွင်းသူတို့တွေဘယ်လောက်တောင်ချီးကျူးဖွယ်ကောင်းလဲဆိုတာသိခဲ့ပြီးဖြစ်သည်။ချွေးမတော်ချင်စိတ်သည်ပို၍တိုးတိုးလာရသည်။
"ဘာများပြောစရာရှိလို့ပါလဲ မင်းသမီး"
X:"ဒီနေ့နန်းပြင်မှာလျှောက်လည်ချင်လို့ခွင့်လာတောင်းတာပါ မိဖုရားခေါင်"