ပွင့်ဟသွားတဲ့တံခါးနှစ်လွှာကြားကထွက်ပေါ်လာသောလူတစ်ယောက်။
ဟော~နောက်ဆုံးတော့ သူပြန်ရောက်လာပြီပဲ
ဘာမှထူးခြားမှုမရှိဘဲပုံမှန်အတိုင်းပင်လျှောက်လှမ်းလာတယ်။လျှောက်လာတဲ့သူ့ခြေလှမ်းကသုံးလှမ်းတောင်မပြည့်သေးခင်ရပ်တန့်သွားတယ်။ ကြမ်းပြင်မှာထိုင်နေတဲ့ကိုယ့်ကိုတွေ့သွားပုံပဲ။ တအံ့တသြဖြစ်သွားလောက်တဲ့သူ့မျက်နှာအမူအရာကိုမမြင်ရသည့်တိုင်သိနေတယ်။ ရုတ်ချည်းပြေးလာတဲ့သူ့ကိုကြိုရန်ထလိုက်ပေမယ့်ပြန်ခွေယိုင်ကျသွားသောခြေအစုံကိုဒေါသထွက်မိတယ်။ သူကတော့ကိုယ့်အခြေအနေကိ်ုမြင်တော့ပိုလို့ပင်အရှိန်တင်ကာပြေးလာလေရဲ့။
ကိုယ့်ဆီရောက်လာမယ့်သူ့ကိုထိုင်စောင့်နေရုံမှအပ ဘာမှမလုပ်နိုင်တဲ့ကိုယ့်ကိုကိုယ်လည်းမုန်းသလို အခုချိန်မှာနှစ်ယောက်ကြားရှိနေတဲ့ အဲ့ အကွာအဝေး ကိုလည်း မုန်းတယ်။
သူကိုယ့်အရှေ့ရောက်တဲ့အချိန်သူ့မျက်နှာမှာတွေ့ရတဲ့စိတ်ပူမှုတွေကြောင့်အပျော်လှိုင်းကခဏထသွားသေးသည်။ ပခုံးနှစ်ဘက်ကိုကိုင်ကာအသည်းအသန်မေးနေသောသူ့မျက်နှာကိုကြည့်ရင်းမျက်ရည်တွေကျနေသောကိုယ့်ကိုသူနားမလည်နိုင်လောက်ဘူး။ ကိုယ့်ကိုကိုယ်လည်းနားမလည်ဘူး။ တစ်လျှောက်လုံးမကျလာတဲ့မျက်ရည်ကအခုမှကျတယ်တဲ့လေ။
မင်းသမီး၏စိုးရိမ်စိတ်တွေနှစ်ဆတက်သွားတဲ့ပုံပင်။ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကာသူ့ကိုရင်ခွင်ထဲဆွဲသွင်းသည်။မင်းသမီးရဲ့နွေးထွေးတဲ့ပွေ့ဖက်ခြင်းတွေကြားထဲရောက်သွားတဲ့အခါကျွန်တော်ခဏလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားခဲ့သည်။
YZ:"Yaung ဘာဖြစ်လို့ဒီမှာထိုင်နေတာလဲ? ဘာဖြစ်တာလဲ? ကိုယ့်ကိုပြောအုံးကွာ"
ပြန်သံမလာလို့ဖယ်ခွာကြည့်တော့မှမေ့မြောနေသောချစ်ရသူ။
YZ:"Yaung!! Yaung!! Yaung!!"
သွေးကနားထင်ဆောင့်တက်သွားသလို။မြန်မြန်ကောက်ပွေ့ကာသွေးရူးသွေးတန်းနဲ့ပြေးလာလိုက်တာဘယ်လိုအဆောင်ကိုပြန်ရောက်လာသည်မသိ။