ညဘက်တွင်ဂိုဂူလျောနန်းတော်ကြီးတစ်ခုလုံးစည်ကားလျက်ရှိသည်။နန်းတော်၀န်းကျယ်ကြီးတွင်ဧည့်သည်များအားအစားအသောက်များနှင့်တကွဖျော်ဖြေရေးနှင့်ပါဧည့်ခံနေ၍ဖြစ်သည်။ မင်းကြီးနှင့်ဟန်နိုင်ငံဘုရင်ကထိပ်တွင်ထိုင်ကာဘေးတွင်တော့မိဖုရားများထိုင်နေကြသည်။မင်းကြီးဘက်ခြမ်းကန့်လန့်တွင်တော့မင်းသားများနှင့်မင်းသမီးထိုင်ပြီးဘုရင်မင်းမြတ်ဘက်ခြမ်းကန့်လန့်တွင်တော့မင်းသမီးများနှင့်မင်းသားထိုင်ကြသည်။သူတို့ကတော့မျက်နှာချင်းဆိုင်။
အခုလိုပွဲမျိုးတွင်တော့သူတို့၇ယောက်ကသားသမီးများအဖြစ်ပါ၀င်ဆင်နွှဲနေရသော်လည်းတခြား သားတော်၊သမီးတော်တို့ကတော့မျက်နှာပြရုံသာပြကြရသည်။
မင်းကြီးနှင့်ဟန်နိုင်ငံဘုရင်မင်းမြတ်သည်တစ်ယောက်တစ်လှည့်ငှဲ့ပေးလိုက်၊သောက်လိုက်နှင့်ပြုံးပျော်စွာစကားပြောနေကြသည်။Yifanတို့၇ယောက်ကတော့အရှေ့မှစားသောက်ဖွယ်ရာများကိုသာစိတ်၀င်တစားဖြင့်တစ်ဖြဲနှစ်ဖြဲစားသောက်နေကြသည်။မင်းသား၊မင်းသမီးဆိုသည့်ဂုဏ်ပုဒ်များကိုတောင်မေ့သည်အထိစကြ၊နောက်ကြနှင့်။တစ်ဖက်ကဟန်နိုင်ငံဘုရင်မင်းမြတ်၏သမီးတော်များနှင့်သားတော်ကတော့မင်းသားမင်းသမီးဂုဏ်ပုဒ်နှင့်ညီမျှစွာအိန္ဒြေ ရရတိတ်တိတ်ဆိတ်ဆိတ်စားသောက်နေကြသည်။
သူတို့အားလုံး၏မလှမ်းမကမ်းအရှေ့တွင်တော့ကချေသည်များကကပဖျော်ဖြေနေကြသည်။
SH:"Jonginပေးစမ်း ငါ့ကြက်ကြော်! ကိုယ့်ဟာကိုယ်စားပါလား ဘာလို့ငါ့ဟာပါလာယူနေတာလဲ?😒"
JI:"မလောက်လို့ပေါ့ဟ😏"
Sehunတစ်ယောက်Jonginအားတင်းနေစဉ်ဘေးတွင်ပလုတ်ပလောင်းဖြင့်စားနေသောYizinnအားမဲလေသည်။
SH:"Yrr!! မစားနဲ့တော့အဲ့ဒါ ပေး!"
ရုတ်တရက်လက်ထဲမွခေါက်ဆွဲပန်းကန်အလုခံလိုက်ရ၍Yizinnပေါက်ကွဲသွားသည်။
YZ:"Yrr!!! Ohse နင်ဘာလုပ်တာလဲ?😠"
Sehun,Yizinn,Jonginသည်လပိုင်းသာကွာ၍နင်,ငါဖြင့်သာပြောကြသည်။ အကြီးတွေကိုတော့ရိုရိုသေသေခေါ်သလားဆိုတော့လည်းမဟုတ်ကြပါ။စိတ်ကောင်း၀င်မှသာအကိုတပ်ခေါ်ကြသည်။
