ဒီကြားထဲupdateမလုပ်မိတာနေမကောင်းဖြစ်နေလို့ပါ ခွင့်လွှတ်ပေးကြပါ
ဟီး~နည်းနည်းလောက်စကားပြောခွင့်ပြုပါ 😁 အရှေ့ကအပိုင်းတွေတုန်းကနည်းနည်းYizinnတို့ကိုဇာတ်နာအောင်လုပ်ပေးလိုက်သလိုဖြစ်သွားတယ် ဒီficရဲ့အစပထမမူလရည်ရွယ်ချက်ကမပျောက်ပါဘူး ပျော်ပျော်ပါးပါးဟာသလေးတွေရယ်စရာလေးတွေပဲလာမှာပါ ကြားထဲမှာနည်းနည်းdramaချိုးချင်သွားတာနဲ့Yizinnတို့ကိုပေးချိုးလိုက်တာ😁😁 နောက်ပိုင်းတောက်လျှောက်ပျော်တာတွေပဲလာတော့မှာပါ ဇာတ်လေးလည်းသိမ်းတော့မှာပါ ပြီးတော့အရှေ့ပိုင်းတွေတုန်းကYizinnတို့အပိုင်းတွေများသွားရင်ခွင့်လွှတ်ပါအဓိကကExoဆိုပေမယ့်😁 စကားရှည်သွားလို့sorryပါ
(>)(>)(>)(>)(>)"အား!!!!!!"
နန်းတွင်းတစ်ခုလုံးအော်ဟစ်သံတွေဆူညံနေပြီးဟိုပြေးဒီပြေးနဲ့ရှုပ်ယှက်ခတ်နေကြသည်။အကြောင်းကတော့တစ်ခြားမဟုတ်ကြင်ယာတော်၆ယောက်မီးဖွားနေကြခြင်း။
မင်းကြီးဆိုသည်မှာကလည်းသူ့နန်းဆောင်အတွင်းခေါက်တုံ့ခေါက်ပြန်ဟိုလျှောက်ဒီလျှောက်။သူ့မိဖုရားတွေမီးဖွားတုန်းကထက်ပိုပြီးစိတ်လှုပ်ရှားနေသလို။မိဖုရားတွေကလည်းဘယ်သူ့အဆောင်သွားစောင့်လို့သွားစောင့်ရမှန်းမသိ။ဟိုသွားလိုက်၊ဒီသွားလိုက်။ကိုယ့်အဆောင်မှာကိုယ်ထိုင်စောင့်နေဖို့ကြတော့လည်းစိတ်မချနိုင်ကြ။
နန်းတွင်းသမားတော်တွေနဲ့မီးဖွားသမားတော်တွေ၊အပျိုတော်တွေ၊အထိန်းတော်တွေ၊နန်းတွင်းဆေးဝါးဋ္ဌာနအလုပ်သမားတွေတစ်ယောက်မှမအား။
YZ:"ဘယ်လိုဖြစ်လို့တစ်ပြိုင်တည်းမွေးကြရတာလဲ?"
Ch:"ဖြစ်တုန်းကအတူတူဖြစ်တာကိုး"
All:"......."
YZ:"နင်တို့ကကိုယ့်အဆောင်မှာကိုယ်မစောင့်ဘဲဘာလို့ဒီမှာလာစုနေကြတာလဲ?"
C:"အဲ့မှာနေတော့ရောဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိ......ကိုယ့်ဘာသာဒီတိုင်းရပ်နေရင်တောင်အအော်ခံရသေးတယ်"
CY:"ဟုတ်ပ...အထဲကလည်းအော်...အပြင်ကလည်းအော်နဲ့...နားကွဲမှာပဲ"
YZ:"အဲ့တာနဲ့ပဲဒီလာလို့ရမလား? သွားကြမယ်"
