27

379 36 5
                                    

ယွမ်နိုင်ငံဘုရင်မင်းမြတ်အားကြိုဆိုသည့်ပြဲ။

"မင်းကြီး၏ကျေးဇူးကြီးမားလှပါတယ်"

"ကိုယ်တော်ကဘာမှမလုပ်လိုက်ရပါဘူး"

"ကြားပါတယ် သမီးတော်ကကူညီပေးတယ်ဆိုတာ ပိုတောင်ကျေးဇူးတင်ပါတယ် ကျွန်တော်မျိုးရဲ့သားတော်ကိုရှာဖို့သမီးတော်ကိုယ်တိုင်လွှတ်ပေးတယ်ဆိုတော့"

"ရပါတယ် ရပါတယ်"

"ဒါနဲ့ သမီးတော်ဆိုတာ?"

ယွမ်ယွမ့်အားလှမ်းကြည့်သောယွမ်ဘုရင်မင်းမြတ်။ ယွမ်ယွမ့်ဘေးတွင်ထိုင်နေသောကိုယ့်ကိုတွေ့ကောင်းပါရဲ့။ သို့သော်မြင်သာစေရန်မတ်တပ်ရပ်ပြလိုက်သည်။

YZ:"Yizinnလို့ခေါ်ပါတယ် မင်းကြီး"

"haha....ကျွန်တော်မျိုးကမင်းသားတစ်ပါးပါးထင်နေတာ ခွင့်လွှတ်ပါ"

"မဟုတ်တာ....သမီးတော်ကအခုလိုပြင်ဆင်နေကြမို့လို့ပါ ဒီတစ်ခေါက်အကူအညီကြောင့်အခုလို၀တ်ဆင်တာကိုခွင့်ပြုပေးလိုက်ရတယ်လေ....အပေးအယူအနေနဲ့ပေါ့"

"haha....အဆင်ပြေပါတယ် အ၀တ်အစားကအဓိကမှမဟုတ်တာ အရည်အချင်းကသာအဓိကပါ အခုလိုလူချင်းတွေ့တော့ ကျွန်တော်မျိုးရဲ့သားတော်ထက်တောင်အများကြီးယောကျ်ားဆန်တာကိုတွေ့လိုက်ရတယ် မင်းကြီးအားကိုးထိုက်ပါတယ်"

"ကျေးဇူးတင်ပါတယ် အစကကိုယ်တော်လည်းအားကိုးရမယ်မထင်ခဲ့ဘူး haha"

"haha"

"ဖခမည်းတော်!"

ရုတ်တရက်ထွက်လာသောယွမ်ယွမ့်အသံ။

"ယွမ်ယွမ်ပြောထားတာလေး...."

"ဟုတ်ပြီ....ဟုတ်ပြီ....မင်းကြီးရေ...ကျွန်တော်မျိုးရဲ့သားတော်ကအိမ်မပြန်ချင်တော့ဘူးတဲ့လေ"

"ဒီမှာရွယ်တူတွေရှိတော့ပေျာ်သြားတာနေမှာပါ မင်းသားဆန္ဒရှိရင်ထပ်နေလို့ရပါတယ် ကိုယ်တော်တို့ကကြိုဆိုလျက်ပါ"

"ကျွန်တော်မျိုးတော့စိတ်မခ်ဘူး သူများနိုင်ငံထိလာမွှေနေမှာစိုးလို့ တစ်ခုခုပြဿနာဖြစ်ရင်"

"ဖခမည်းတော်ကလည်း.....ကိုကိုတစ်ယောက်လုံးရှိတာကို ယွမ်ယွမ်တစ်ခုခုဖြစ်ရင်ကိုကိုကစောင့်ရှောက်ပေးမှာပေါ့ နော်.....ကိုကို"

နန်းတွင်းအရှုပ်တော်ပုံWhere stories live. Discover now