အရှေ့ဆုံးမှဦးဆောင်သွားသောYizinn၏မြင်းလေးရပ်လိုက်သောနေရာ~
တောင်ကုန်းသဏ္ဍာန် မို့မို့လေးပေါ်မှချောင်းလေးဘေးတွင်လုပ်နေကြသောပွဲတော်ကိုမြင်နေရသည်။
ချောင်းလေးဘေးတွင်လူကြီး၊လူငယ်၊ကလေးအရွယ်စုံမီးခွက်လေးများ၊ကြာဖူးပုံစံ မီးခွက်လေးများအစုံအလင်ကိုယ်စီကိုင်ကာရေထဲမျောနေကြသည်။တချို့ကမူဖက်ရွက်လေးပေါ်တွင်ထွန်း၍မျောကြသည်။တချို့ကလက်ထဲတွင်မီးပုံးလေးများကိုင်ထားကြသည်။ထိုမီးပုံးလေးများ၏အောက်ခြေတွင်တော့တွဲလောင်းကျနေသောဆုတောင်းစာလေးများနှင့်။
တစ်မြို့လုံးလင်းထိန်နေကြသည်။ချောင်းတစ်လျှောက်လည်းလူတွေစည်ကားလျက်။
Ch:"ဘာပွဲတော်လဲ?"
တစ်ချိန်လုံးအသံတိတ်နေသည့်ကောင်လေးမှအံသြ ပျော်မြူးသောအသံဖြင့်လှမ်းမေး၍အကုန်လုံး၀ိုင်းကြည့်ကြသည်။
YZ:"မီးပုံးပွဲတော်လေ ဟန်နိုင်ငံမှာလည်းရှိတယ်မလား နည်းနည်းကွဲပြားရုံပါဒီမှာက ဒီနေ့မှာအားလုံးဟာဆုတောင်းချင်တာလေးတွေကိုရေးကြတယ် ပြီးရင်အခုလိုရေထဲမျောချင်မျော၊ဟိုမှာလိုမီးပုံးလေးတွေအောက်မှာလည်းချိတ်ထားတတ်ကြတယ် တချို့ကတော့ဆုတောင်းစာချိတ်လို့ရတဲ့သစ်ပင်ကြီးမှာသွားချိတ်ကြတယ် ဒီကနေတော့မမြင်ရဘူးပေါ့အဲ့သစ်ပင်ကို တချို့ဆိုရေးပြီးလေထဲလွှင့်လိုက်တာတွေတောင်ရှိတယ် ဒီလိုနေ့ဆိုမီးပန်းတွေလည်းဖောက်လေ့ရှိတယ်"
ရုတ်တရက်ခါးတွင်ရစ်ပတ်ထားသောလက်တစ်စုံသည်ပိုတင်းကျပ်လာ၍နောက်သို့စောင်းကြည့်မိသည်။"ဘာလဲ"ဆိုသည့်သဘောဖြင့်မေးငေါ့ပြတော့
Ch:"မီးပန်းကဘယ်တော့ဖောက်မှာလဲ?"
Puppy eyeများဖြင့် ကလေးလိုမျိုးပြောနေသောကောင်လေးသည် ကိုယ်နှင့်ရွယ်တူဆိုတာယုံနိုင်ဖွယ်မရှိ။ တစ်ချက်တစ်ချက်ယောကျ်ားလေးနှင့်တောင်မတူ။ YizinnအစကBaekhyunတစ်ယောက်တည်းချစ်ဖို့ကောင်းသည်ဟုထင်ခဲ့တာ အခုတော့သူကပါချစ်ဖို့ကောင်းနေသည်တဲ့လား။ ကြည့်နေရင်းအသည်းယားလို့ကိုင်ပေါက်ချင်စိတ်တောင်ပေါက်တယ်။