Xiuminအဆောင်ပြန်ရောက်တော့Chenကိုမတွေ့။ သိပ်မကြာပါ။အခန်းထဲသို့အပျိုတော်များအစားအစာများသယ်လာကြသည်။တစ်ယောက်ပြီးတစ်ယောက်အဆက်မပြတ်၀င်လာလိုက်၊ထွက်သွားလိုက်နှင့်။အကုန်ပြီးသွားမှChenအခန်းထဲ၀င်လာသည်။
X:"မင်းသား ဒါတွေကဘာလုပ်မလို့လဲ?"
Chenဘာမှပြန်မပြောဘဲထိုင်စားနေသည်။အားရပါးရတစ်ခုပြီးတစ်ခုစားနေသည်။ခဏအကြာရဲမက်မ်ားအိုးကြီးများထမ်းကာ၀င်လာကြသည်။
C:"ဒီဘက်မှာထားလိုက်"
အခန်းထောင့်တစ်နေရာသို့ညွှန်ပြနေသောChen။အစားကလည်းမပျက်။
X:"မင်းသား အဲ့ဒါတွေကကောဘာလုပ်မလို့လဲ?"
C:"ရေဆာတဲ့အချိန်ကြိုက်သလောက်သောက်လို့ရအောင်လေ"
Xiuminသက်ပြင်းသာချမိသည်။နေ့လယ်ကကိစ္စကိုစိတ်ဆိုးသွားကာထိုသို့လုပ်နေခြင်းလား။
Xiuminဘာမွမပြောတော့ဘဲဘေးရှိထိုင်ခုံတစ်ခုံတွင်ထိုင်ကာကြည့်နေလိုက်သည်။ တစ်ယောက်တည်းဟိုဟာစားလိုက်၊ဒီဟာစားလိုက်။ရေသောက်လိုက်နှင့်အလုပ်ရှုပ်နေသည့်Chen။
'Yizinn's အဆောင်တော်'
YZ:"အာ့!"
ChanyaungမွYizinnအားဆေးထည့်ပေးနေခြင်း။
Ch:"ပြောတော့မနာဘူးဆို ဘာမှမဖြစ်ဘူးဆို"
YZ:"ဆေးနဲ့ထိတော့စပ်သွားရုံပါ ဘာမှမဖြစ်ပါဘူး"
Ch:"ဘာမှမဖြစ်ရင်ဘာလို့အော်နေလဲ?"
စူပုတ်ပုတ်ဖြင့်ပြောနေသောChanyaungအားသေချာကြည့်ကာ
YZ:"အခု ငါ့ကို ဆူနေတာလား?"
Ch:"မဟုတ်....မဟုတ်ပါဘူး"
YZ:"သမားတော်ထည့်ပေးလည်းရတာကို မင်းဘာသာဆေးထည့်ပေးပြီးတော့"
Ch:"ဒီအတိုင်း....လုပ်ပေးချင်လို့ပါ"
YZ:"အဲ့ဒါဆိုလည်းတိုးတိုးလေးနေ ငါဒီနေ့စိတ်မကြည်ဘူး"
Yizinnပြောလိုက်တဲ့စကားကြောင့်Chanyaungကြောင်သွားသည်။Yizinnမျက်နှာကိုသေချာကြည့်မိမှတစ်ခုခုစိတ်ရှုပ်နေဟန်။
ဆေးလည်းထည့်ပြီးရောချက်ချင်းထသွားကာကုတင်ပေါ်တွင်သွားလှဲသည်။