20

561 48 0
                                    

YZ:"သူ့ဘာသာသူမင်းသားမကလို့ဘာပဲဖြစ်နေဖြစ်နေငါကတော့ဂရုမစိုက်ဘူး မင်းကြီးသူ့ကိုအပြစ်မပေးရင်ငါအဲ့ကောင်ကိုသတ်မယ်!!"

စူးတောက်ပြီးကြောက်ဖို့ကောင်းသောအကြည့်တွေနှင့်ဒေါသထွက်နေသောYizinnအားChanyaungကြောက်လို့တုန်နေမိသည်။Baekhyunတို့ညီအစ်မတွေလည်းကြောက်လို့ငြိမ်နေမိကြသည်။အခြေအနေကလုံး၀တိတ်ဆိတ်သွားသည်။တစ်ခန်းလုံးအပ်ကျသံပင်မကြားရ။Yifanတို့တောင်သူတို့ညီမကိုအံ့သြသည့်အကြည့်များဖြင့်ကြည့်နေကြသည်။

YZ:"😪 တောင်းပန်ပါတယ်အားလုံး ခဏစိတ်မထိန်းနိုင်ဖြစ်သွားလို့"

ပေါင်ပေါ်ကChanyaungအားကြည့်မိတော့မိမိကိုယ်အရမ်းကြောက်နေသည့်ပုံဖြင့်ကြည့်နေလေသည်။

YZ:"မကြောက်နဲ့နော်"

ပေါင်ပေါ်ကနေဘေးသို့ချကာမျက်နှာလေးအားလက်နှစ်ဖက်ဖြင့်အသာကိုင်၍

YZ:"မကြောက်နဲ့လို့....နော်....ခဏ...ခဏဒေါသထွက်....တောင်း....တောင်းပန်ပါတယ်"

Chanyaung၏မျက်၀န်းများမှတုန်လှုပ်မှုကိုမြင်လိုက်ရ၍Yizinnရဲ့စကားများတောင်ထစ်ငေါ့သွားသည်။
အရှေ့သို့တည့်တည့်လှည့်လိုက်တော့လည်းမိမိအားကြောက်ရွံ့သောအကြည့်များဖြင့်ကြည့်နေကြသောလူတစ်သိုက်ကိုတွေ့လိုက်ရ၍စိတ်ပျက်လက်ပျက်ခေါင်းငိုက်စိုက်ကျမိသည်။

ထိုစဉ် စူးကနဲနေအောင်ထအော်ငိုသောအမောင်Chanyeol။

CY:"လုပ်ပါအုံး သူ့ကိုသရဲ၀င်ပူးသြားသလားမသိဘူး ကြောက်စရာကြီး😭😭😭"

ဘယ်လောက်တောင်ချုပ်တည်းထားသည်မသိ။အော်ငိုလိုက်တာဆိုတာနန်းတော်တစ်ခုလုံးဆူညံသွားမည်ထင်သည်။

CY:"နတ်ဆရာမကြီးကိုသွားခေါ်ကြပါ😭 ကြောက်စရာကြီး😭😭 သတ်ပစ်မယ်တဲ့😭😭😭 တော်ကြာလူမှားပြီးငါတို့ကိုသတ်ပစ်နေရင်ဒုက္ခ😭😭😭😭 သူကစိတ်ပုံမှန်မဟုတ်ဘူးလေ"

YZ:"Chanyeol!!!!"

Yizinnစိတ်တွေရှုပ်လွန်းလို့ပိတ်အော်လိုက်သည်။

သူတစ်ချက်အော်တိုင်းသူ့ကျောကနေသွေးတွေထွက်နေတာသူမသိ။

YZ:"ငါကဘာလို့စိတ်ပုံမှန်မဟုတ်ရမွာလဲ?!!! ငါကဘာဖြစ်နေလို့လဲ?!!! ဘယ်ကသရဲက၀င်ပူးရမွာလဲ?!!! ငါကဘယ်သူ့ကိုမှားသတ်ရမွာလဲ?!!! ငါအဲ့ကောင်ကိုပဲသတ်မွာ!!! ငါတို့ကိုလုပ်ကြံတဲ့ကောင်!!! ငါတို့ရဲ့အသက်ကိုလာထိတဲ့ကောင်!!! နင်တို့ကို!!! ငါ့ကို!!! သတ်ဖို့လုပ်တဲ့ကောင်ကိုပဲသတ်မှာလို့!!!!"

နန်းတွင်းအရှုပ်တော်ပုံWhere stories live. Discover now