#zawgyi
ရက်သတ္တပတ်လောက်ကြာတော့ Taenyတို့ ကလေးအခြေအနေသိရဖို့ ဆရာဝန်ဆီသွားစစ်ကြတယ်
ကလေးရဲ့ အခြေအနေကို သိပြီးနောက် ကလေးကို အရမ်းတွေ့ချင်လို့ ကလေးမိဘနှစ်ယောက်မှာ စိတ်လှုပ်ရှားကာ ကလေးထွက်လာမယ့်အချိန် မစောင့်နိုင်တော့ပေ...
ကလေးအဖေမှာ စိတ်လှုပ်ရှားစွာနဲ့ ဗိုက်ကလေးကိုင်ပြီး ကလေးနဲ့စကားပြောတိုင်း ကလေးအမေမှာ သားအဖနှစ်ယောက်ရဲ့ ချစ်စရာအပြုအမူကိုကြည့်ပြီး ပြုံးကာ ဂုဏ်ယူနေ၏
ကျောင်းက အကျယ်ချဲ့တတ်တဲ့ သတင်းတွေလည်း Taeyeon ဂရုမစိုက်ဘဲ ကျောင်းကို သွားတယ်.....အနည်းဆုံးတော့ သူ့ဘေးမှာ သူ့သူငယ်ချင်း Yoong ရှိသေးတယ်လေ
Sicaကတော့ Donghaeနဲ့ တွဲနေရင်း သူ့ရည်းစားဟောင်းကို ဘယ်လိုပြန်ယူရမလည်းဆိုပြီး တွေးတောနေ၏
"ဟိုတနေ့က မင်းကို ငွေလွှဲပေးလိုက်တယ်နော် ရလား....."
Ex couple မှာ သူတို့ရဲ့ လျို့ဝှက်နေရာမှာ ဘယ်သူမှမသိအောင် တွေ့နေကြသည် ......တွေ့ရတဲ့ အကြောင်းအရင်းမှာ Sica နဲ့ သူ့ညီမ အသုံးစရိတ်ကို Taeyeon အခုထိ ထောက်ပံ့ပေးနေသောကြောင့်ဖြစ်သည်။ သူတို့ ခဏခဏတွေ့တာကိုတော့ Fany မသိပေ
"Gomawo Tae...."
Sicaမှာတော့ အခုလို ပိုက်ဆံယူရလို့ ရှက်ပြီး ခေါင်းငုံ့ကာ ပြောလိုက်သည် ....သူတို့ လမ်းခွဲခဲ့လည်း သူ့ရည်းစားဟောင်းပေါ် မှီခိုရသောကြောင့် ရွေးချယ်စရာမရှိပေ...."ရပါတယ်....မင်းမှာ ပြောစရာမရှိဘူးဆိုရင် ငါ ပြန်တော့မယ် ....."
Taeyeon လက်ပြနှုတ်ဆက်လိုက်ပေမယ့် Sicaမှာ မျက်ရည် အ၀ိုင်းသားနဲ့ သူ့ရည်းစားဟောင်းလက်ကို လှမ်းဆွဲလိုက်တယ်"ငါ နင့်ကို အခုထိ ချစ်နေသေးတယ်...."
Sica သူ့အချစ်ကို မရှက်ဘဲ ၀န်ခံလိုက်သည်"Please ငါတို့နှစ်ယောက်အတွက် ခက်ခဲအောင် မလုပ်ပါနဲ့တော့....ငါ့ကို သွားခွင့်ပေးပါ...."