#zawgyi
"Tae နို့ဘူးပုလင်း လှမ်းပေးပါအုံး....."
ကလေးနှစ်ယောက်နဲ့ အလုပ်များနေတဲ့ Fanyမှာ သူ့တစ်ယောက်တည်း အလုပ်ရှုပ်နေတဲ့ Taeyeonကို အော်လိုက်သည်"ငါဒီမှာ အလုပ်များနေတာ မမြင်ဘူးလား....."
Taeyeon စားပွဲခုံကို ဘုန်းခနဲရိုက်ပြီး ပြန်အော်လိုက်သည်"ငါက နင့်ကို နို့ဘူးဘဲ ယူခိုင်းတာလေးကို ဘာလို့ ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်းပြုမူရတာလည်း....Veronica က ဗိုက်ဆာလို့ ငိုနေတာ ငါက ကလေးနှစ်ယောက်ကို ထားခဲ့ရမှာလား.... "
Fany အော်လေ ကလေးနှစ်ယောက်က ပိုငိုလာသောကြောင့် Taeyeon စိတ်ညစ်လာသည်"Ash Fine...."
Taeyeon ထပြီး မီးဖိုချောင်ဘက် သွားလိုက်သည်....နို့ဘူးပုလင်းရှာမတွေ့မချင်း သူ့ရှေ့က ပစ္စည်းတွေအားလုံး လွှင့်ပစ်နေ၏Fanyမှာ ဆူညံသံတွေကြောင့် ကလေးနှစ်ယောက်ကို သေသေချာချာ ထားပြီး မီးဖိုချောင်ထဲ လိုက်လာလေသည်
Fany မီးဖိုချောင်ထဲရောက်လာတော့ ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကြားမှာ ဒူးလေးထောင်ကာ ငိုနေတဲ့ Taeyeonကို တွေ့ရလေသည်
Taeyeonမှာ သူ့အဖေကြောင့် ထွက်တဲ့ ဒေါသကို Fanyအပေါ် ပုံချမိလို့ စိတ်မကောင်းဖြစ်နေ၏
"Oh my god....Tae ဘာဖြစ်လို့လဲ "
Fany သူ့ယောင်္ကျားဆီ အမြန်ပြေးသွားလိုက်သည်
Taeyeonမှာ ကလေးလေးတစ်ယောက်က သူ့အမေရင်ခွင်ထဲ တိုးဝှေ့သလို Fany ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့လိုက်သည်
"အရမ်း....အရမ်း နာကျင်တယ် "
Taeyeonမှာ Mr.Kimပြောခဲ့တဲ့ စကားတွေ ပြန်တွေးပြီး နာကျင်နေသလို Fanyနဲ့ ကလေးနှစ်ယောက်ကို ထားခဲ့ရမှာလည်း စိတ်မချဖြစ်နေ၏
"နင်ငါ့ကို ပြောချင်တဲ့ စကားရှိလို့လား ....ပြောပါ....အာ အမြွှာလေးတွေ မေ့နေလို့ လာ အခန်းထဲ သွားပြောရအောင် "
Fanyမှာ ကလေးတွေကို ထားခဲ့မိတာ သတိရပြီး နို့ဘူးတွေနဲ့ အတူ သူ့ယောင်္ကျားကို အခန်းထဲ ခေါ်လာလေသည်