#zawgyi
"ဒါက သူရဲ့ အိမ်လိပ်စာလား....."
Sooyoung တစ်ယောက် သူ့အတွင်းရေးမှူးပေးတဲ့ လိပ်စာကို ကြည့်ပြီး မေးလိုက်သည်Fanyကို နှောင့်ယှက်သလို ဖြစ်သွားမလားဆိုပြီး Sooyoung တွေးလိုက်ပေမယ့် Fanyရဲ့ ဇာတ်လမ်းတွေက တကယ်ကောင်းလို့ Fanyဆီ သွားတွေ့ဖို့ ဆုံးဖြတ်လိုက်သည်
*ding dong*
Sooyoung လူခေါ်ခေါင်းလောင်းနှိပ်ရင်း ချွေးပြန်လာတယ်....နှစ်ခါနှိပ်တာတောင် ဘယ်သူမှလာမဖွင့်ပေးလို့ ထပ်နှိပ်လိုက်သည်
*ding dong*
နောက်တစ်ခေါက် ထပ်နှိပ်မှ အထဲက ခြေသံတွေ ကြားလိုက်ရသည်။Sooyoung professional ဆန်အောင် ဆံပင်တွေကို သပ်သပ်ရပ်ရပ်ပြန်လုပ် အ၀တ်အစားတွေပြန်ပြီး ပြင်ဆင်လိုက်သည်
ဒါပေမယ့် သူမျှော်လင့်ထားတဲ့ အမျိုးသမီးက တံခါးလာဖွင့်ပေးတာမဟုတ်ဘဲ သူ့ညီ ၀မ်းကွဲ Taeyeon ဖြစ်နေတယ်.....
"မင်း ဒီမှာ ဘာလာလုပ်တာလည်း....."
နှစ်ယောက်သား ပြိုင်တူပြောမိသွားတယ်Taeyeon အိပ်ရာက နိုးလာပြီး တံခါးလာဖွင့်ပေးတော့ သူမုန်းတဲ့ သူ့အကိုဖြစ်နေလို့ မျက်မှောင်ကြုတ်ကာပြောလိုက်သည်
"Drama project ကြောင့် ငါ ဒီကိုလာတာ မင်းကရော အထဲမှာ ဘာလုပ်နေတာလည်း...ဒီမှာ အိပ်တာလား..."
"Tae ဘယ်သူလည်း....."
Fany အိပ်ချင်မူးတူးနဲ့ ထွက်လာပြီး Taeyeon ရှေ့မှာ ရပ်နေတဲ့ သူ့သူဌေးကို မြင်တော့ ရှက်သွားတယ်"Mr.Choi...."
Fany သူ့ဆံပင်တွေကို သပ်သပ်ရပ်ရပ် လုပ်ပြီး နှုတ်ဆက်လိုက်သည်"ဟင် မင်း ကိုယ်ဝန်နဲ့လား......"
Fany ဗိုက်ကို ကြည့်ပြီး Sooyoung မေးလိုက်သည် ...Taeyeon မဲ့ပြုံးပြုံးပြီး Fanyရဲ့ လက်မောင်းကို တွဲပြီး
"သူက လွန်ခဲ့တဲ့အပတ်က ငါ ပြောပြတဲ့ ကောင်မလေးလေ Soo...."
Sooyoung မနာလိုအောင် Fanyကို သူ့အနားသို့ ဆွဲလိုက်သည်....သို့သော် Sooyoungကတော့ စိတ်မ၀င်စားတဲ့ပုံစံဖြင့် နေနေသည်
