Young Daddy Part-23

749 78 4
                                    

#zawgyi

" ကျွန်​​တော့်​အ​ဖေ ခင်​ဗျား အသက်​ရှင်​​နေ​သေးတာကို သိလားဗျာ့"
Henry Jungကို Taeyeon ​မေးလိုက်​သည်​ ယခု သူတို့က Seoul ရဲ့ မြို့ပြင်​ဘက်​က စတိုးဆိုင်​တစ်​ခုတွင်​ ရှိ​နေခြင်းဖြစ်​သည်

" မသိ​လောက်​​သေးဘူး ငါက မင်းတစ်​​ယောက်​တည်းကိုဘဲ ယုံတာ​လေ ဒါနဲ့ ငါ့ရဲ့ချစ်​လှစွာ​သော သမီး​လေး​တွေ​ရော....."
Henry Jung ​မေးလိုက်​သည်

"သူတို့ အန္တရာယ်​ကင်းပါတယ်​ ကျွန်​​တော်​က သူတို့ကို ​စောင့်​​ရှောက်​​ပေးထားတာမို့ စိတ်​မပူပါနဲ့ လို့...."
Taeyeon သူ့​ရှေ့မှာ ငို​နေတဲ့လူကြီးရဲ့ ပခုံးကို ပုတ်​​ပေးပြီး နှစ်​သိမ့်​လိုက်​သည်

"Jessicaက​တော့ ငါ အသက်​ရှင်​​​နေတာကို လိမ်​​ခဲ့ပြီး တာဝန်​မဲ့စွာ​နေခဲ့လို့ ငါ့ကို မုန်း​နေမှာ....."
Henry Jungမှာ ​ပြောရင်း ငို​နေ၏

"သူက အံ့သြဖို့​ကောင်းတဲ့ က​လေးမပါ ခင်​ဗျားကို သူ နားလည်​​ပေးမှာပါ "
Taeyeon နှစ်​သိမ့်​​ပေး​လေသည်

"ပြီး​တော့ အားလုံးက ကျွန်​​တော့်​အ​ဖေရဲ့ အမှား​တွေ​လေ..... "
Taeyeon သူ့အ​ဖေရဲ့ အတွင်းစိတ်​က ကြမ်းတမ်းယုတ်​မာမှန်းသိလို့ ထပ်​​ပြော​လေသည်

"မင်းတစ်​ခုခု သိ​နေတာလား "
Henryမှာ အ​ရေးကြီးတဲ့ပုံစံနဲ့ Taeyeon ကို ​မေးလိုက်​သည်

"ဘာကိုလည်း "

"မင်းအ​ဖေက ငါ့မ​တော်​တဆမှုရဲ့ ​နောက်​ကွယ်​က လူဆိုတာ မင်းတို့မိသားစုရဲ့ လျို့ဝှက်​ချက်​ကိုသိလို့ ငါ့မိန်းမကိုသတ်​ပစ်​တာ​လေ...."

"လျို့ဝှက်​ချက်​.....ကျွန်​​တော်​တို့ မိသားစုမှာ လျို့ဝှက်​ချက်​ရှိတယ်​​ပေါ့..... "
Taeyeonမှာ သူ့အ​​မေက ထိုအ​ကြောင်းအရာနဲ့ ပတ်​သက်​ပြီး ဘာမှမ​ပြောထားလို့ အံ့သြ​နေ၏

"မင်းအ​ဖေရဲ့ ​နောက်​ကွယ်​မှာ မင်းအ​မေ တစ်​ခုခုဖြစ်​ခဲ့တယ်​.. .."

"ဒါဆို အ​ဖေ​ပြောတာ မှန်​​နေပြီ​ပေါ့ အ​ကြွေး​ကြောင့်​ အ​မေ့ကို လက်​ထပ်​ရတယ်​ဆိုတာ ဒါ​ပေမယ့်​ ဟိုကိစ္စ​တော့ ​မ​ပြောဘူးဗျာ့....."

Young Daddy (Trans)Tempat cerita menjadi hidup. Temukan sekarang