Young Daddy Part-11

933 99 4
                                    

#zawgyi

Tiffanyကို သူ့မိဘ​တွေနဲ့ မိတ်​ဆက်​​ပေးဖို့ Taeyeon ဆုံးဖြတ်​လိုက်​သည်

အခု Mr.Kimနဲ့ Mrs.Choiတို့​ရှေ့မှာ Taeyeonတို့ လင်​မယားအတူထိုင်​​နေတယ်

Mr.Kimရဲ့ အကြည့်​​ကြောင့်​  Fanyလန့်​သွား​ပေမယ့်​  Taeyeonက လက်​ကို ဆုပ်​ကိုင်​ထား​ပေးသည်

"ဒီလကုန်​ရင်​ လက်​ထပ်​​တော့မှာမို့ Appaဆီက ခွင့်​​တောင်းတာပါ "

Mrs.Choiလည်း ရုတ်​တရက်​ ကြားလိုက်​ရတဲ့ သတင်း​ကြောင့်​ ဘာလုပ်​ရမှန်း မသိ​ပေ.....သူ့​ယောင်္ကျားရဲ့ သက်​ပြင်းချသံကိုလည်း  ကြားလိုက်​ရသည်

"မင်း ဘာ​တွေလုပ်​​နေတာလည်း.....ရုတ်​တရက်​ကြီး​ပေါ်လာတယ်​....ငါ့မျက်​နှာကို တည့်​တည့်​ကြည့်​ပြီး လက်​ထပ်​မယ့်​အ​ကြောင်း ​ပြောတယ်​......မင်း ရူး​နေတာလား ....ပြီး​တော့ မင်းထက်​ အသက်​ကြီးတဲ့ ဒီမိန်းမက ဘယ်​သူလည်း....မင်း ငါ့ကိုစိတ်​ပျက်​​စေတာဘဲ Kim Taeyeon....."
Mr.Kim ရုပ်​တည်​နဲ့ ​ပြောတဲ့ စကား​ကြောင့်​ အားလုံးငြိမ်​သွားကြတယ်​.. ..Irene​တောင်​ ဘာမှဝင်​မ​ပြောဘဲ ငြိမ်ကြည့်​​နေ၏

"Appa မြင်​တဲ့ အတိုင်းဘဲ ကျွန်​​တော်​သူ့ကို ကိုယ်​၀န်​ရ​အောင်​ လုပ်​လိုက်တယ်​ .....ဒါ​ကြောင့်​ က​လေးအတွက်​ ကျွန်​​တော်​ တာဝန်​ယူရမယ်​​လေ....."
Fany ရဲ့ လက်​ကို တင်းတင်းကြပ်​ကြပ် ဆုပ်ကိုင်ပြီး ​​​Taeyeon ​ပြောလိုက်​သည်

"တာဝန်​ယူမယ်​....မင်း သူတို့ကို ဘယ်​လိုရှာ​ကျွေးမလည်း......မင်းမှာ အလုပ်​​ရောရှိရဲ့လား.....ငါကဘဲ မင်းကို ပိုက်​ဆံ​ပေး​နေတာ​လေ မဟုတ်​ဘူးလား...အဲ့တာ​တောင်​မှ မင်းက မင်းမိသားစုကို ​ထောက်​ပံ့​ချင်​တယ်​​ပေါ့....အဓိပ္ပါယ်​ မရှိတာ​တွေ မ​ပြောစမ်းပါနဲ့ သားရယ်​.....မင်း​နေရာမှာ ငါသာဆို ကိုယ်​၀န်​ဖျက်​ချပစ်​မှာ...."

Mr.Kimရဲ့ စကား​ကြောင့်​ Taeyeon ထိုင်​​နေရာမှ ထပြီး သူ့အ​ဖေရဲ့ အင်္ကျီ​ကော်​လံကို ဆွဲကာ
"Appa ဘယ်​လို​ပြောလိုက်​တာလည်း....တစ်​ကိုယ်​​ကောင်းဆန်​လှချည်​လား....အဲ့ဒီအချက်​​တွေ​ကြောင့်​ ခင်​ဗျားရဲ့ သားဖြစ်​ရတာ အရမ်းရှက်​မိတယ်​ "

Young Daddy (Trans)Donde viven las historias. Descúbrelo ahora