#zawgyi
At Jessica's Funeral
" အဲ့ကလေးမလေးက အရမ်းချစ်ဖို့ကောင်းတဲ့ ကောင်မလေးပါကွယ်"
Mr.Cho ပြောရင်း Jessica အခေါင်းနား မငိုဘဲငူငိုင်နေတဲ့ Henry Jung ကို ကြည့်လိုက်သည်.....
Krystalကတော့ တစ်ညလုံး ငိုထားသောကြောင့် ပင်ပန်းနေသည်.....Mrs.Jeonမှာ ငိုနေတဲ့ကလေးကို ခဏလောက် အိပ်ဖို့ပြောနေ၏
သနားစရာကောင်းတဲ့ Jung ကလေးဟာ သူ့အမရဲ့ ဓာတ်ပုံကိုကိုင်ရင်း ငိုနေပြန်သည်
"ငါ မယုံနိုင်သေးဘူးကွာ...... "
Henry Jung ရေရွတ်လိုက်သည်"သူ အခု ကောင်းကင်ဘုံမှာ အေးချမ်းနေပါပြီ...."
Mr.Cho သူ့သူငယ်ချင်းကို နှစ်သိမ့်ပေးရင်း အနက်ရောင် ၀တ်စုံနဲ့ သူ့မိသားစုနဲ့အတူ ထိုင်နေတဲ့ သူ့သားကိုကြည့်လိုက်သည်"Tae....."
Taeyeon မှာ သူ့မိန်းမအသံကြောင့် သတိပြန်ဝင်လာတယ်" ကိုယ့်အမှားပါ....သူ့ကို သေအောင်လုပ်မိသွားတယ်"
Taeyeon ပြောရင်း မျက်ရည်တွေ ကျလာတယ်.....Fanyမှာ သူ့ယောင်္ကျားရဲ့ မျက်ရည်တွေကို သုတ်ပေးနေသည်
"ဘယ်သူ့ရဲ့ အမှားမှ မဟုတ်ပါဘူး Tae....."
Fany သက်ပြင်းချပြီး ပြောလိုက်သည်"အခြေအနေတွေ အားလုံး ဒီထက်ပိုမဆိုးခင် Mr.Kimနဲ့ တွေ့မှဖြစ်တော့မယ်.... "
"ငါပါ လိုက်ခဲ့မယ် "
"No....မင်းက ကလေးတွေနဲ့ အတူနေခဲ့ပါ မင်းကိုထပ်အဖြစ်မခံနိုင်ဘူး "
" ဒါပေမယ့် ငါတို့ အဆိုးမှန်သမျှ အတူရင်ဆိုင်သင့်တယ် မဟုတ်ဘူးလား"
"ဒါဆို ကိုယ်တို့နှစ်ယောက်လုံး တစ်ခုခုဖြစ်သွားခဲ့ရင် ကလေးတွေကို ဘယ်လိုလုပ်မလည်း "
Taeyeon ပြောပြီး Fany ရဲ့ နဖူးကိုနမ်းလိုက်သည်"Tae....."
"Ethanတို့နဲ့ အတူရှိနေပေးပါကွာ ....ကိုယ် ဘာမှထိခိုက်မှုမရှိဘဲ ပြန်လာခဲ့မယ်"