"Zawgyi
Our First Meet
" သူမ တစ်ယောက်တည်းလား..."
Taeyeon ဆံပင်ရွှေရောင်နဲ့ ကောင်မလေး သီချင်းဆိုနေတာကို ကြည့်ရင်း သူ့သူငယ်ချင်းကို မေးလိုက်သည်"ထင်တာပဲလေ "
Yoong စိတ်မရှည်တဲ့လေသံဖြင့် ပြောလိုက်သည်....အဘယ်ကြောင့်ဆိုသော် Taeyeonမှာ သူသဘောကျနေတဲ့ ကောင်မလေးကို ဖွင့်မပြောဘဲ အနောက်ကနေ fan တစ်ယောက်လို တစ်ကောက်ကောက် လိုက်ချောင်းနေသောကြောင့် ဖြစ်သည်" မင်း ဒီမှာစောင့်နေ....ငါ အချိန်ကောင်းအခါကောင်းစောင့်ပြီး ကောင်မလေးကို စကားသွားပြောမယ် "
Taeyeon ကောင်မလေးကို ကြည့်ရင်း ပြောလိုက်သည်"ပြီးတော့ ဘာဆက်ဖြစ်မှာလည်း.. ..တော်ပြီ ငါ မစောင့်နိုင်တော့ဘူး "
Yoong လက်ကာပြပြီး သူ့သူငယ်ချင်းကို ထားကာ ထွက်သွားတယ်"See u...."
Taeyeon သူ့သူငယ်ချင်းကို လက်ပြကာ နှုတ်ဆက်လိုက်သည်"Erm, excuse me!"
Taeyeon ချောင်းဟန့်ပြီး ကောင်မလေးကို နှုတ်ဆက်လိုက်သည်....ဆံပင်ရွှေရောင်နဲ့ ကောင်မလေးမှာ သီချင်းဆိုပြီးနောက် သီချင်းစာရွက်တွေကို ပြန်ဖတ်နေတယ်....
"Y...yes!"
Jessica သူ တစ်ဖက်သတ်ကြိုက်နေတဲ့ ကောင်လေးက စကားလာပြောသောကြောင့် အရမ်းပျော်နေသော်လည်း အပြင်ဖက်မှာ ဘာမှမဖြစ်ဟန်ဆောင်ကာ ရုပ်တည်ကြီးနဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးကို ကြည့်လိုက်သည်" ကျွန်တော် တစ်ခုလောက် တောင်းဆိုလို့ရလား..."
"ရပါတယ် "
"ကျွန်တော့်ရဲ့ dance partner ဖြစ်ပေးပါလား....."
Taeyeon သူ့မာနတွေကို ခ၀ါချပြီး မိန်းကလေး တစ်ယောက်ရှေ့ ဒူးထောက်ကာ တောင်းဆိုလိုက်သည်.....Our First Date
"Yah နင် တော်တော် နောက်ကျနေပြီ "
Sica အိပ်ရာထနောက်ကျလို့ ကမူးကရူးပြေးဝင်လာတဲ့ ကောင်လေးကို မျက်စောင်းထိုးကာ ပြောလိုက်သည်
