Young Daddy Part-27

696 75 7
                                        

#zawgyi

Taeyeon's POV

မင်္ဂလာ​ခေါင်း​လောင်းသံ​တွေကြားတဲ့အချိန်​မှာ ငါ နိုးလာခဲ့တယ်​.......

Tiffanyက​တော့ ငါ့​ဘေးနားမှာ မရှိဘူး.....သူ ငါတို့မင်္ဂလာ​ဆောင်​အတွက်​ ပြင်​ဆင်​​နေ​လောက်​ပြီ.......

ငါ့ကို ထားခဲ့ပြီး Na Na Jeonရဲ့ အိမ်​ကို သွား​လိုက်​တာ .....

မ​နေ့ညက ငါ့အ​ဖေက သူမကို ​ပေးထားတဲ့ ရိုးစင်းတဲ့ မင်္ဂလာ ၀တ်​စုံ​လေးနဲ့ အနာဂတ်​မိန်းမ​လောင်း​လေးကို မြင်​​ယောင်​ကြည့်​ပြီး ပြုံးမိ​နေတယ်​......

အမှန်​က အဲ့ဝတ်​စုံက အ​မေ့အတွက်​ ရည်​ရွယ်​ထား​ပေမယ့်​ အ​မေက​တော့ ဆုံးသွားခဲ့လို့ အဲ့မင်္ဂလာဝတ်​စုံကို Fany ကို ​ပေးတယ်​လို့ Appaက ​ပြောတယ်​....

ငါ ငါ့ရဲ့ အရင်းနှီးဆုံးသူငယ်​ချင်း​တွေဖြစ်​တဲ့ Yuri,Yoong,Jessica,Krystalတို့ကို ဟိုဘိုး​တော်​ Mr.Kim မသိ​အောင်​ တိုးတိုးတိတ်​တိတ်​ဖိတ်​ခဲ့တယ်​​လေ....မဟုတ်​ရင်​ သူက​ ​သေချာ​ပေါက်​ မင်္ဂလာပွဲကို ဖျက်​စီးမှာ......

အော်​ ​မေ့​နေလို့ အမြွှာ​လေး​တွေကို Appaရဲ့ အိမ်​ကိုပို့ထားတယ်​....ဒီ​နေ့ ဒီအိမ်​မှာ ငါရယ်​ Pany ​လေးရယ်​ မင်္ဂလာဦးညကို အတူဖြတ်​သန်းရ​တော့မယ်​....

Ah ငါ မ​စောင့်​နိုင်​​တော့ဘူး ......

ကုတင်​​ပေါ်က ဆင်းပြီး မျက်​နှာသစ်​ သွားတိုက်​ရင်း မုတ်​ဆိတ်​​မွှေး​တွေကို  Appa ​ရောက်​မလာခင်​ အမြန်​ရိတ်​လိုက်​တယ်​......

မူကြိုစတက်​မယ့်​ က​လေးတစ်​​ယောက်​လို ငါ အရမ်း စိတ်​လှုပ်​ရှားပြီး ​ပျော်​​နေတယ်​......

ဒါ​ပေမယ့် ရုတ်​တရက်​ အတိတ်​တုံးက Sicaနဲ့ အ​ကြောင်း​တွေ ​တွေးမိသွားတယ်

Flashback.. ..

" ကျွန်​​တော်​ အိမ်​သာသွားချင်​လို့ ရလား...."
Taeyeon Mr.Kimရဲ့ Bodyguard ​တွေကို ​မေးလိုက်​သည်​ ......

Bodyguard​တွေ ​ခေါင်းညိတ်​ပြ​တော့ Taeyeon အမြန်​ အိမ်​သာထဲ ၀င်​ပြီး Sicaဆီ ဖုန်းဆက်​လိုက်​ကာ မိန်းက​လေး အ၀တ်​အစား​တွေနဲ့အိတ်​ကို ယူလာခိုင်းလိုက်​သည်​....

Young Daddy (Trans)Onde histórias criam vida. Descubra agora