#zawgyi
Jeonju village
"ဒီမှာနေရတာ အဆင်ပြေရဲ့လား "
Veronica ရယ် Ethanတို့ အမြွှာနှစ်ယောက်နဲ့ အလုပ်ရှုပ်နေတဲ့ Fanyကို အသက်ကြီးကြီးမိန်းမတစ်ယောက်က မေးလိုက်သည်...."Mrs.Jeonရယ် အမှန်တိုင်း ပြောရရင် အဆင်မပြေပါဘူးရှင် Taeyeon ကလည်း Seoulမှာ ရှိနေပြီး သူ့အကြောင်း ဘာသတင်းမှ မကြားရတော့ စိတ်ပူမိတယ် ညတိုင်း စာမလာသတင်းမကြားတော့ .....ကောင်းကောင်း အိပ်မပျော်ပါဘူးရှင်.....အခုတော့ ကလေးတွေ လုံခြုံရေးဘဲ စိတ်ပူတယ်"
သူ့အကိုနဲ့ ဆော့ပြီး ရယ်မောနေတဲ့ Veronica ရဲ့ Eyesmileလေးကို ကြည့်ပြီး Fany ပြောလိုက်သည်"အဲ့ကလေးမှာ အကြောင်းတစ်ခုခုရှိလို့နေမှာပါ သူငယ်ငယ်လေးကတည်းက Kim မိသားစုမှာ အခွင့်အရေး သိပ်အပေးမခံရဘူးလေ.....Travis ဆိုတဲ့ အကြီးဆုံးသားကိုဘဲ Mr.Kimက ချစ်တာ သူတို့ညီအကိုတွေ အတူဆော့ရင် Mr.Kimက ရောက်လာပြီး Travis ကို ဆွဲခေါ်သွားတာ ခဏခဏ....."
Mrs.Jeon ပြောလိုက်သည်"ဘာလို့ အဲ့လိုလုပ်တာလည်း သူတို့က ညီအကိုတွေလေ အတူဆော့ခွင့်မရှိဘူးလား "
Kim မိသားစုရဲ့ အိမ်ဖော်ဟောင်းထံမှ Taeyeon အကြောင်းတွေ ကြားမိတော့ Fanyမျက်ခုံးပင့်ကာ မေးလိုက်သည်......"အဲ့မိသားစု အတွင်းရေးက တော်တော်ရှုပ်တယ်....ဘယ်သူမှလည်း သေချာမသိကြဘူး.....အိမ်အကူတွေဆီက Mr.Kimရဲ့ စိတ်ရောဂါ အကြောင်းလည်း ကြားမိသေး ပြီးတော့ Taeyeonကြောင့် Kim လင်မယားတို့ ခဏခဏ ရန်ဖြစ်ကြတယ်တဲ့ "
"Mr.Kim အချစ်ဆုံးသားက Travisလား? "
Fany မေးလိုက်သည်"Mr.Kimက အကြီးဆုံးသား သူ့ကိုကျ ဦးစားပေးပြီး အငယ်ဆုံး Taeyeonကျ လျစ်လျူရှုထားတယ် ဒါပေမယ့် အမေဖြစ်တဲ့ Mrs.Kimကျတော့လည်း သားတွေကို ညီတူညီမျှချစ်တာပေါ့ဟယ် "
"Irene အကြောင်းလည်း မကြားဖူးဘူးနော် သူက ထူးဆန်းတယ်....Taeyeonဆီမှာဘဲ အမြဲနေတယ် "
"Irene က သမီးလိမ်မာလေးပါ သူက သူ့အကိုနှစ်ယောက်လုံးကို ချစ်တယ် Mrs.Kim သေသွားပြီးတဲ့နောက် Mr.Kim က Irene ကို မြေအောက်ခန်းထဲ ပိတ်ပိတ်ထားတာတဲ့ Taeyeonက ဒါကြောင့် သူ့ကိုခေါ်ထားတာတဲ့ ဒါပေမယ့် နင်တို့ရောက်လာတော့ Kim စံအိမ်ဆီ ပြန်ရောက်သွားပြီလို့ သတင်းကြားတယ် "
Fany ထပ်မေးပြန်သည်
![](https://img.wattpad.com/cover/138987736-288-k840051.jpg)