#zawgyi
Flashback
Taeyeon နဲ့ Tiffanyတို့ ဆေးရုံကနေ ဆင်းလာပြီးနောက် သူတို့အိမ်မှာ အနားယူနေကြသည်.....
Mr.Choကတော့ အမြွာနှစ်ယောက်ကို ထိန်းပေးနေလေရဲ့
"Hi wifey......"
Taeyeon ဖုန်းဆော့နေရင်း ပျင်းလာလို့ သူ့မိန်းမကို လှမ်းခေါ်လိုက်သည်......Fanyမှာ စာအုပ်ဖတ်နေရာမှ သူ့ယောင်္ကျားကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်
" ငါတို့ အခုထိ လက်မထပ်ရသေးဘူးနော်"
Fany သူ့စကားကြောင့် နှုတ်ခမ်းစူသွားတဲ့ ကောင်လေးကိုမကြည့်ဘဲ စာအုပ်ကိုဘဲ ဆက်ဖတ်နေ၏"ဒါပေမယ့် ကိုယ်တို့ သက်သာလာရင် လက်ထပ်ကြတော့မှာလေ..... "
Taeyeon သူ့ဘေးနားက စားပွဲခုံပေါ်ကို ဖုန်းတင်လိုက်ရင်းပြောလိုက်သည်" တစ်ပတ်လောက်နေမှပါ မဟုတ်ဘူးလား"
Fany သူ့ရဲ့ယောင်္ကျားကို ဆက်စနေ၏"အင်း...တစ်ပတ်လောက်ပြီးရင် မင်းကို ကိုယ့်မိန်းမဖြစ်အောင် လုပ်ပြမယ်.....ပြီးတော့ ကိုယ်တို့မိသားစုအတွက် နောက်ထပ် ဆည်းလည်းသံလေး ဖန်တီးပစ်မယ်........ "
Taeyeon သူ့ထက် စာအုပ်ကိုဘဲ ဦးစားပေးဖတ်နေတဲ့ သူ့မိန်းမကို နှာဘူးအကြည့်နဲ့ ကြည့်ပြီး မျက်ခုံးပင့်ပြကာပြောလိုက်သည်"နှာဘူး "
Fany စာအုပ်ပိတ်ရင်း ပြောလိုက်သည်"မင်းတစ်ယောက်တည်းကိုဘဲ ကိုယ်က နှာဘူးတာ "
Taeyeon နမ်းဖို့ ကြိုးစားပေမယ့် သူ့နှုတ်ခမ်းရှေ့က လက်ချောင်းလေးတွေကြောင့် ရပ်တန့်သွားသည်"အိပ်ကြစို့ ညနက်နေပြီ "
Fany ပြောပြီး စောင်ကို ဆွဲခြုံလိုက်သည်"ဟင်....ကိုယ် မင်းနဲ့ ပျော်ချင်သေးတယ်လေ "
Taeyeon စကားမဆုံးသေး သူ့မိန်းမက သူ့နားရွက်ကို ဆွဲလိမ်လိုက်သည်
"အိပ်တော့....."
Fany ပြောပြီး သူ့ယောင်္ကျားကို ကျောပေးကာ အိပ်လိုက်သည်