"မနေ့က လေ့ကျင့်ခန်းတွေရဲ့အဆက်ကို Samတို့ဆက်တွက်ကြတာပေါ့ "
"Nae "
"Plz Sam အပြင်ထွက်ခွင့်ပြုပါ "
စာသင်ခန်းတွင်း သြရှစွာ ထွက်လာတဲ့အသံ။Kim Jonginဟာ ပြောပြီးတာနဲ့ အလောတကြီးအပြင်ကိုထွက်သွားလေရဲ့။
ဘာဖြစ်လို့များ။ဒီနေ့LiLiကိုလည်းမတွေ့။
သူတို့...။တော်စမ်းDoh Kyungsoo။
မတွေးနဲ့ ကိုယ်နဲ့လည်း ဆိုင်သည်မဟုတ်။
ထူးတော့လည်း ထူးဆန်းသား
ဘယ်သူ့အကြောင်းဆိုတာဝေးလို့
ကိုယ့်ငယ်ဘဝ တောင် ခပ်ရေးရေးသာ
မှတ်မိတတ်တဲ့ ကျတော်က ဒီKim Jonginနဲ့ ပတ်သတ်ရင်ကို မတွေးလည်း စိတ်ထဲရောက်လာတာက ခက်နေသည်။ဒီနေ့အတွက် Kyungsooနေရတာ ပျင်းခြောက်ခြောက်နဲ့ ။Kyungsooအနားမှာ ပေါက်ပေါက်ဖောက်နေကြ Baekhyunနဲ့ Jongdaeက ကျောင်းမ
တတ်ကြ၍ ဖြစ်သည်။ သူတို့နှစ်ယောက်ရှိနေတုန်းက Kyungsooနားညီးသည်။
အခု မရှိလည်း မရှိရော တစ်ခုခုလိုနေပြန်သလို။နောက်တစ်ခု ဒီအခန်းထဲမှာ Kyungsoo မကြာခဏအကြည့်ရောက်မိတဲ့ Kim Jonginလည်း မရှိတော့ဘူးမဟုတ်လား။ တကယ်ပျင်းစရာကောင်းတယ်။
အတန်းလည်း မတတ်ချင်တော့တာမို့ Samထွက်သွားတာနဲ့ Kyungsooပါ
လွယ်အိတ်ဆွဲကာ ထွက်လာခဲ့တယ်။ကျောင်းပြင်ထွက်ရအောင်ကလည်း
Kyungsooတစ်ယောက်တည်း ဘယ်ကိုသွားရမည်လဲ။ဘယ်ကိုမှလည်းမသွားချင်။ အိမ်ကိုလည်းမပြန်ချင်သေးတာမို့ ကျောင်းရဲ့ လေသာဆောင်ကိုသွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ Kyungsoo
အိပ်နေကြနေရာလေးလေ။"Li မင်း! ဘာလို့ ငါ့ကိုညာတာလဲ ဟမ်!"
လေသာဆောင်ရှိတဲ့အဆောင်ကို
လျှောက်နေတုန်း အဆောင်ရဲ့ နံရံအကွယ်ဘက်က ထွက်လာတဲ့ Kim Jonginအသံကြောင့် Kyungsooခြေလှမ်းတွေ ရပ်သွားမိတယ်။"ပြောလေLi! ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုလောက် ငါ့ကိုပေးစမ်းပါ ကျောင်းမလာဘူးလို့ပြောပြီး မင်းဘာလို့ကျောင်းကိုရောက်နေရသလဲ ဟမ်! ဘာလို့
အတန်းထဲရောက်မလာဘဲ
အခြားအဆောင်ဘက်ရောက်နေရသလဲ!ပြောလေ!ပြောလို့!!"

YOU ARE READING
All Of You
Fanfictionငါ့ဆီက အချစ်ဆိုတာမျှော်လင့်မနေပဲ ငါ အပန်းဖြေဖို့ရာ နားခိုဆောင်လေးတစ်ခုပဲ ဖြစ်ပေးပါ Kyungsoo shi