"ကောင်းတယ်! မဟုတ်ရင်.. အ!
Baekhyunက နာသွားတဲ့
သူ့တံတောင်ဆစ်ကိုပွတ်သတ်ရင်း
တရားခံJongdaeကို မျက်စောင်းလေးခဲလို့
ကြည့်လာတယ်Jongdaeကတော့ Baekhyunကို
ကြည့်ရင်း တကယ်ပဲ အခြေအနေကို
နားမလည်ပါလားလို့ ခေါင်းလေးတခါခါနဲ့"မင်း အခုအဆင်ပြေရဲ့လား Kyungie"
Jongdaeက ရှေ့မှာ အသက်မပါသလိုထိုင်နေတဲ့Kyungsooကို လှမ်း မေးတယ်ဒါပေမယ့် မေးစရာကိုမလိုအောင် Kyungsooက အဆင်ပြေတဲ့ပုံမရှိနေပါဘူး
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းကြီး နှစ်ခု
အကျိုးတူပူးပေါင်းဖြစ်မယ့်မင်္ဂလာကိစ္စဖြစ်တဲ့
Kim Jonginနဲ့ Yoon LiLiလက်ထပ်မယ့်သတင်းက မနက်ခင်း သတင်းအစီအစဉ်မှာ ပါလာတော့မှ Jongdaeသိရသည်ဒီရက်ပိုင်းတွေမှာ Kyungsooက
ဒီအကြောင်းတစ်ခွန်းမှ မပြောခဲ့ပါJongdaeသိသိချင်း
Baekhyunကို
ခေါ်ပြီး Kyungsooဆီရောက်လာတာBaekhyunကတော့
Kyungsooကို တန်ဖိုးမထားတတ်တဲ့
Kim Jonginနဲ့ ဝေးသွားရလို့
ကောင်းတယ်လို့ တွေးနေပေမယ့်ရှေ့က နွမ်းဖတ်နေတဲ့ Kyungsooပုံစံလေးကို မြင်နေရတော့လည်း Baekhyun
စိတ်မကောင်းမိပါBaekhyunက Kyungsooနားအထိတိုးကပ်သွားရင်း Kyungsooကိုဖတ်ထားလိုက်တယ်
"အရမ်းဝမ်းနည်းမပါနဲ့ Kyungja ya
ငါတို့ သုံးယောက် ဒီစာမေးပွဲပြီးတာနဲ့
ခရီးထွက်ကြမယ်လေ Kim Jonginကို
မေ့သွားနိုင်တဲ့အထိပျော်ပြီးမှ
ပြန်လာကြမယ်
Appaက ငါ့ကို မုန့်ဖိုးတွေအများကြီးပေး
ထားတယ် ...ဟင်..သွားမယ်မဟုတ်လား""အင်း ကောင်းတယ် ငါတို့
ခရီးထွက်ကြမယ်!"Jongdaeကပါ ထောက်ခံလာသည်
Kyungsooက ခေါင်းခါသည်
"ငါ ပြောစရာရှိတယ်....ငါ စာမေးပွဲ
နောက်ဆုံးရက်မှာပဲ Insung Hyungရှိတဲ့
Californiaကို သွားဖို့ စီစဉ်ပြီးပြီ
ငါ ကြိုမပြောမိတာ တောင်းပန်ပါတယ်"
YOU ARE READING
All Of You
Fanfictionငါ့ဆီက အချစ်ဆိုတာမျှော်လင့်မနေပဲ ငါ အပန်းဖြေဖို့ရာ နားခိုဆောင်လေးတစ်ခုပဲ ဖြစ်ပေးပါ Kyungsoo shi