~My heads under water ~
~But I'm breathing fine~
~Your're crazy and out of my mind~
~bcoz all of me ~ love all of you~
#ဝုန်း
"အ"
မနက်ခင်းစောစော သတင်းစာလိုက်ပို့ပြီးတာနဲ့
ကျောင်းကိုတန်းဝင်တာမို့
ကျောင်းမှာ Kyungsooက
အစောကြီးရောက်လေ့ရှိတယ်
ကျောင်းက ကျောင်းစောင့်တွေက လွဲလို့
ဘယ်သူမှ မရောက်သေးခင်ပေါ့All of meသီချင်းလေးကို repeatဖွင့်ရင်း
ခပ်တိုးတိုးလိုက်ညည်းကာ ကျောင်းထဲဝင်လာနေကြခါတိုင်းလို ဘယ်သူမှ မရှိဘူး မှတ်ကာ
ရင်းနှီးနေသော အချိုးအကွေ့တွေအတိုင်း
မျက်လုံးလေးအသာမှိတ်လို့
သီချင်းလေးညည်းရင်း လျှောက်လာမိတာ
အခုတော့ ဘယ်ကဘယ်လို ဒီတစ်ယောက်က
အစောကြီးရောက်လာနေတာတုန်း"sorry sorry ငါသတိမထားမိလိုက်လို့ "
ကိုယ်က မျက်လုံးမှိတ်ထားသည်မို့မမြင်တာ
သူကတော့ ဘာဖြစ်နေလို့ထားပါ ဘာနေနေ ကိုယ့်ဘက်ကသာ
တောင်းပန်လိုက်သည်ထိုလူက Kyungsooနဲ့ တိုက်မိလို့ ပြုတ်ကျသွားတဲ့ ပန်းပွင့်တွေ ပြန်ကောက်ပြီး
ထရပ်လာသည်"ကျစ်! ဒီမှာ မင်း!"
အိုးး ဒီလူ သိပ်ချောတယ်
အလိုမကျဟန်တွေက သူ့ချောမောမှုကို
အထောက်အပံ့ဖြစ်စေသလိုပဲသူက သူ့ပန်းတွေကို ကြည့်ရင်း
Kyungsooကို မကျေနပ်ဖြစ်နေတဲ့ပုံနေပါဦး သူ့ကို ဒီကျောင်းမှာတစ်ခါမှမမြင်ဖူးပါဘူး
အဲ...Kyungsooက Baekhyunရယ် Jongdaeရယ်က လွဲရင် ကျန်တဲ့သူတွေနဲ့သိပ်မရင်းနှီးပေမယ့် သေချာပါတယ်
ဒီတစ်ယောက်ကတော့
Kyungsooတို့ကျောင်းက မဟုတ်တာ
သို့သော် ကျောင်းယူနီဖောင်းကြီးနဲ့"မင်း မျက်လုံးမပါဘူးလား
လူတစ်ယောက်လုံးကို ဝင်တိုက်ရအောင်
ဟမ်!!"
YOU ARE READING
All Of You
Fanfictionငါ့ဆီက အချစ်ဆိုတာမျှော်လင့်မနေပဲ ငါ အပန်းဖြေဖို့ရာ နားခိုဆောင်လေးတစ်ခုပဲ ဖြစ်ပေးပါ Kyungsoo shi