All of you

3.7K 430 18
                                    

Kyungsooဒီ​နေ့ သတင်းစာ​တွေပို့ပြီးတာနဲ့ ​ကျောင်းကို တန်းမသွားဘဲ
Kim Jonginအတွက်​ မနက်​စာဝယ်​ပြီး
အိမ်​ကို အမြန်​ပြန်​လာခဲ့တယ်

အ​ငွေ့တ​ထောင်း​ထောင်းနဲ့ ​ပေါက်​စီပူပူ​လေး​တွေကို ကြည့်​ပြီး Kyungsooပြုံးလိုက်​မိတယ်​ Kim Jonginကြိုက်​မှာပါ

သူ အိပ်​​နေတုန်းလား မသိနိုင်​တာမို့
တံခါးကို အသံမမြည်​​အောင်​ဖွင့်​ပြီး
အထဲဝင်​လာခဲ့တယ်

"Kim Jongin...ဟင်​..."

မနက်​တုန်းက သူ့ကိုခြုံ​ပေးခဲ့တဲ့ ​စောင်​နှစ်​ထည်​က
အောက်​​ခြေမှာပုံ​လျက်​သား
လူက​တော့ မရှိ​တော့

Kyungsooရဲ့ မျက်​လုံးတစ်​​ဝှေ့စာသာ
ကျယ်​ဝန်းတဲ့ အခန်းငယ်​ထဲ Kim Jonginရှိ​မ​နေ​တော့

"arshii Kim Jongin ပြန်​သွားတာ မြန်​လိုက်​တာ "

လက်​က ဆွဲလာတဲ့ ​ပေါက်​စီ​လေးနှစ်​လုံးကို ကြည့်​လိုက်​ရင်း စိတ်​မ​ကောင်းမိ

ကျောင်းဝတ်​စုံကို လဲလိုက်​ပြီး
လမ်းသွားရင်း ​ပေါက်​စီတစ်​လုံးကို စားလာလိုက်​တယ်

အနည်းဆုံး ငါ့ကို​တော့ နှုတ်​ဆက်​ပြီး ပြန်​သွားသင့်​တာ​ပေါ့Kim Jongin.....

ဒီ​နေ့ Kyungsoo​ကျောင်းကို ​ရောက်​​တော့ Baekhyunတို့​တောင်​​ရောက်​​နေပါပြီ

"မင်း ဒီ​နေ့ ဘာလို့​နောက်​ကျ​နေတာလဲ "
Jongdaeက Kyungsooကို ကြည့်​ရင်း​မေးတယ်

"ဟာ ​ပေါက်​စီ​! "
Byun Baekhyunက မျက်​လုံး​တွေ အ​ရောင်​တစ်​ဖျက်​ဖျက်​လက်​လို့ ထ​အော်​တယ်

"အင်း...​ရော့ ...မင်းတို့ အတွက်​ "

ကျန်​​တဲ့​ပေါက်​စီတစ်​လုံးကို Baekhyun
ရှေ့​ပေးလိုက်​​တော့ Jongdaeနဲ့ တစ်​​ယောက်​တစ်​ဝက်​ခွဲကာ စားကြတယ်

"ဒီ​နေ့ ဘာ​နေ့မို့လို့လဲ မင်း​မွေး​နေ့လဲ မဟုတ်​ပါဘူး "

စား​နေရင်း​မေး​တော့ အ​ကြောင်းပြချက်​​ပေးဖို့Kyungsoo​ခေါင်းကို အမြန်​အလုပ်​​ပေးလိုက်​ရတယ်

"Appaက ငါ့အတွက်​ ပို့​ပေးလိုက်​တာ "

Appaက ခဏခဏ Kyungsooအတွက်​ မုန့်​​တွေ လိုအပ်​တာ​တွေ ပို့​ပေး​နေကြဆို​တာ baekhyunတို့ကသိ​တော့
ခေါင်းတစ်​ငြိမ့်​ငြိမ့်​နဲ့ ​ပေါက်​စီဆီ အာရုံပြန်​စိုက်​သွား ကြတယ်

All Of YouWhere stories live. Discover now