"ဟင်းရည်က ဘာလို့ပေါ့နေတာလဲ"
Kyungsooရဲ့ မျက်စောင်းစူးစူးက
ဘေးက Jonginဆီ ချက်ချင်းဆိုသလို
ကျရောက်လာသည်နေပါဦး Kim Jonginက
အရမ်းလွန်နေပြီ မဟုတ်ဘူးလားသုံးရက်လုံး သူ့hotelသူမပြန်ပဲ
သူများအိမ်ပေါ်လည်းပိုင်စိုးပိုင်နင်း
တတ်နေပြီး ညပါအိပ်တာ
Insung Hyungကို ဘယ်လောက်
အားနာဖို့ကောင်းသလဲKyungsooတစ်ယောက်တည်းကို
နေခွင့်ပေးတာနှင့်တင်
အားနာဖို့ကောင်းနေပြီပြီးတော့ Kim Jonginက
Kyungsooနောက်
တစ်ကောက်ကောက်လျှောက်လိုက်ပြီး
ဘာမလုပ်ရ ညာမလုပ်ရနဲ့
အမိန့်ပေးချင်သေးတယ်နောက်ဆုံး
Kyungsooချက်ကျွေးသမျှကို စားပြီး
ပေါ့သလေး ငန်သလေးလည်း
ဝေဖန်သေးတယ်တစ်ချိန်လုံး Kyungsooနား ပွစိပွစိလည်း
ပြောနေတတ်သေးတယ်ဒီလူဟာ
တကယ်Kim Jonginရော
ဟုတ်ပါသေးရဲ့လားKyungsooက ဘာမှပြောမနေတော့ပဲ
ထမင်းသာဆက်စားနေလိုက်သည်Insung Hyung ထမင်းစားပြီး
သူ့အခန်းထဲ ဝင်သွားတော့မှ Kyungsooက
Jonginကို စကားပြောသည်ပြီးခဲ့တဲ့ သုံးရက်လုံး Kyungsooပြောနေခဲ့တဲ့ စကားတွေပဲ
"Hotelကို မပြန်သေးဘူးလား
ဘယ်အချိန်ထိ ဒီလို ""အချစ်က ကိုယ်နဲ့အတူ Koreaပြန်လိုက်တဲ့အထိ ဒါမှမဟုတ်လည်း ကိုယ်နဲ့ နှစ်ယောက်တည်း နေဖို့ သဘောတူတဲ့အထိ "
Jonginကလည်း တစ်ချိန်လုံး
ဒီအဖြေချည်းသာဖြေသည်"Jongin ငါ့ကို စဉ်းစားဖို့အချိန်ပေးထား
တယ်လေ ငါတို့ လေးနှစ်တောင် ဝေးခဲ့ကြပြီးမှ အခြားတစ်ယောက်နဲ့လက်ထပ်သွားပြီလို့
သိထားခဲ့ပြီးမှ အခုချက်ချင်း ငါ့ကို
ချစ်ပါတယ် လာပြောနေတာကို လက်ခံဖို့
ငါ တကယ် ယုံကြည်ချက်မရှိဘူးJongin
ဒါကြောင့် သွားပါတော့ !"
YOU ARE READING
All Of You
Fanfictionငါ့ဆီက အချစ်ဆိုတာမျှော်လင့်မနေပဲ ငါ အပန်းဖြေဖို့ရာ နားခိုဆောင်လေးတစ်ခုပဲ ဖြစ်ပေးပါ Kyungsoo shi