မနက်လင်းတော့ ....Kyungကိုယ်တွေက
ပူနေတုန်းပဲဘေးကိုကြည့်တော့ Jonginက အိပ်တုန်း
Kyungsooကသာ ထနေကြမို့လို့
အစောကြီးနိုးလာတာပြန်လည်းအိပ်မပျော်တာမို့ Kyungsooထဖို့လုပ်တော့
Kyungsooလက်တစ်ဖတ်က ဆွဲချခံလိုက်ရရင်း အိပ်ယာပေါ် ပြန်လှဲကျသွားရတယ်
"Jongin.....ဟို....ငါ ထချင်လို့် "
Kyungsooတစ်ကိုယ်လုံးကို ဖိချထားသလိုဖတ်ထားတာမို့ Kyungsooလှုပ်လို့တောင်မရ
Jonginကတော့ Kyungsooစကားကို
မကြားသည့်အလား..."ဟို....Jongin..."
"ကျစ်! ဒီမှာအိပ်နေတယ်လေ!
ငြိမ်ငြိမ်နေ!"ဘာမှာအိပ်လို့လဲ ...နိုးနေပြီကို ><
Kyungsooပြန်ပြောချင်ပေမယ့်
Jonginအလိုကျ ပြန်ငြိမ်ပေးနေလိုက်တယ်နောက်တော့ နွေးထွေးလွန်းလှတဲ့Jonginရင်ခွင်နဲ့ကိုယ်ငွေ့တွေကြား Kyungsooပါပြန်အိပ်ပျော်သွားတော့သည်
"Hey....!ထတော့ ...အိပ်ပုတ် "
Kyungsooကိုယ်ကို လှုပ်နိုးခံလိုက်ရခြင်းနဲ့အတူ ကြားလိုက်ရတဲ့စကား...
လူကို အိပ်ပုတ်တဲ့ ...တကယ်တမ်း အိပ်ပုတ်တာက ဘယ်သူလည်း...><
Jonginကတော့ Kyungsooကို နှိုးပြီးတာနဲ့ သူ့အခန်းထဲက စားခုံမှာ သွားထိုင်ကာ
ဖုန်းသုံးနေတယ်"Jonginကျောင်းသွားဖို့မပြင်သေးဘူးလား?"
Kyungsooကုတင်ပေါ်မှာ ထိုင်ရင်း
သန်းဝေလိုက်မိသေးတယ်
စိတ်က ကြည်လင်လို့......
အခုတော့ Kyungsooကိုယ်ပူတွေ မရှိတော့
ခြေလက်တွေကတော့ အနည်းငယ် ကိုက်ခဲနေသေးသည်"နာရီကိုလည်း ကြည့်လိုက်ဦး "
Jonginက ကုတင်ဘေးစားပွဲမှာထောင်ထားတဲ့ စားပွဲတင် နာရီလေးကို ညွှန်ပြလေရဲ့
"အခုမှ 6နာရီပဲရှိသေးတာလား ?"
တော်တော်စောနေသေးတာပဲ
ပထမတစ်ခေါက် Kyungsooနိုးလာတော့ 5နာရီပုံမှန်နိုးနေကြအချိန်..
တစ်နာရီလောက်ပဲ ပြန်အိပ်ပျော်သွားတာကို
Kyungsooခေါင်းက ကြည်ကာလန်းလို့နေတယ်

YOU ARE READING
All Of You
Fanfictionငါ့ဆီက အချစ်ဆိုတာမျှော်လင့်မနေပဲ ငါ အပန်းဖြေဖို့ရာ နားခိုဆောင်လေးတစ်ခုပဲ ဖြစ်ပေးပါ Kyungsoo shi